အမျိုးသမီးလက်ရွေးစင်အသင်း လူစာရင်းမှာ နန်းစနေမနဲ့ နန်းဟွမ်းလိုင်း တို့ ပါဝင်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 26, 2026

အမျိုးသမီးလက်ရွေးစင်အသင်း လူစာရင်းမှာ နန်းစနေမနဲ့ နန်းဟွမ်းလိုင်း တို့ ပါဝင်လာ


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် AYA Tri Nation Cup သုံးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအတွက် အမျိုးသမီးအသင်း လူစာရင်းမှာ ထပ်တိုး ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။

.
ပြီးခဲ့တဲ့ ရာသီတုန်းက မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်း ပြခဲ့ကြပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့ကြတဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ နန်းစနေမ နဲ့ ISPE အသင်းရဲ့ ကွင်းလယ်လူ နန်းဟွင်းလိုင်း တို့ ရွေးချယ်ခြင်း ခံခဲ့ရတာပါ။
.
နှစ်ယောက်စလုံးက သက်ဆိုင်ရာ အသင်းတွေမှာ ခြေစွမ်းပြ ကစားခဲ့ကြပြီး လက်ရွေးစင်အသင်းဆီ ရောက်လာခဲ့ကြပေမယ့် လက်ရှိ ပွဲထွက်လူစာရင်းကို ဝင် တိုးပြီး နေရာ ယူနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
.
ပရိသတ်တွေကတော့ ISPE ရဲ့ ကွင်းလယ်လူ နန်းဟွင်းလိုင်း က ရုန်းအား၊ တိုးအား ကောင်းသလို သူ့ရဲ့ ခြေစွမ်းကို အဓိက စောင့်ကြည့် သွားရမယ်လို့ မှတ်ချက် ပေးနေကြပြီး မြင့်မားတဲ့ အရပ်အမောင်းနဲ့ ရန်ကုန်ယူနိုက်တက် နောက်ခံလူ နန်းစနေမ ကတော့ အသင်းရဲ့ လက်ရှိ ခံစစ်မှာ ကစားနေတဲ့ ဖြူဖွေး၊ မေသက်မွန်မြင့် တို့ကို ကျော်ဖို့ မလွယ်တဲ့အကြောင်း မှတ်ချက်တွေ ပေးနေကြပါတယ်။
.
#KBZTai #Shan #Football #AYATriCup

No comments:

Post a Comment

Pages