ထိုင်းနိုင်ငံတွင်းမှာ လတ်တလော လူပြော အများဆုံးဖြစ်နေတဲ့အကြောင်းက ထိုင်းရဲ့ နာမည်ကြီး Singha Beer လုပ်ငန်းစုက သူဌေးသားလေးရဲ့ မိသားစုတွင်း လိင်အနိုင်ကျင့်ခံရမှုပါ။ ထိုင်းနိုင်ငံရဲ့ ၁၅ ခုမြောက် အချမ်းသာဆုံး မိသားစုအတွင်းမှာ ဒီလိုမျိုးတွေ ဖြစ်နေတယ်ဆိုတာကို လူတွေက ယုံကြည်နိုင်ဖို့ ခက်နေကြပေမယ့် ကာယကံရှင်ကို ယ်တိုင်က ဖွင့်ပြောလာပြီးတဲ့နောက် ဆိုရှယ်မီဒီယာတွေ အပေါ်မှာ ဒီအကြောင်းက ပလူပျံနေခဲ့တာပါ။
.
Singha အမှတ်တံဆိပ်ကို တည်ဆောင်ခဲ့တဲ့ ဘီလီယံနာ မိသားစုရဲ့
စတုတ္တမြောက် မျိုးဆက်ဝင် ဖြစ်တဲ့ သီယာနွတ် စကော့တ် က သူအသက် ငယ်ရွယ်စဉ်
ဆယ်ကျော်သက်အရွယ်မှာ အကိုဖြစ်သူ ဆူနစ် ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို
ထပ်တလဲလဲ ခံခဲ့ရတဲ့အကြောင်း ဖွင့်ဟထားတဲ့ ဗီဒီယိုဖိုင် တစ်ခုကို ဒီလအတွင်းမှာပဲ
အင်တာနက်ပေါ် တင်သွားခဲ့တာ ဖြစ်ပါတယ်။
.
စကော့တ်ရဲ့ အကိုဖြစ်တဲ့ ဆူနစ်က ဒီစွပ်စွဲချက်တွေကို ပြန်လည် ငြင်းဆိုခဲ့ပေမယ့်လည်း
စင်ဂါဘီယာရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ Boonrawd Brewery က ဆူနစ်ကို
ကုမ္ပဏီရဲ့အမှုဆောင် ရာထူးကနေ ထုတ်ပယ်လိုက်ပါပြီ။
.
စကော့တ်နဲ့ ဆူနစ်တို့ဟာ အသက် ၁ နှစ်ကျော်သာ ကွာခြားတဲ့ ညီအကိုတွေ ဖြစ်ကြပြီး
စကော့တ်ရဲ့ အသက် ၉ နှစ်ကနေ ၁၃ နှစ်အရွယ်အတွင်းမှာ သူ့အကို ကျောင်းအိပ်ဆောင်ကနေ
ပြန်လာတိုင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့အင်တာဗျူးမှာ
ပြောသွားခဲ့တာပါ။
.
စကော့တ်က ဒီကိစ္စကို ပြီးခဲ့တဲ့ ၃ နှစ်လောက်တုန်းက သူ့ရဲ့ မိသားစုဝင်တွေကို
ပြောပြခဲ့ပေမယ့်လည်း မိသားစုက လျော်ကြေးငွေ ပေးမယ်ဆိုပြီး နှစ်သိမ့်ခဲ့တာကြောင့်
ထုတ်မပြောဖို့ လက်ခံခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်ထဲမှာပဲ မြေယာပိုင်ဆိုင်မှု
အငြင်းပွားမှု တစ်ခုဖြစ်ရာကနေ စကော့တ်ရဲ့မိခင်က သူ့ကို တရားစွဲခဲ့ပြီးတဲ့နောက်
စကော့တ်က ဒီဖြစ်ရပ်ကို လူသိရှင်ကြား လုပ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
.
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဘီယာဖြစ်တဲ့ ဆင်ဂါ ဟာ
ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီး၊ ဖော်မြူလာဝမ်းအသင်း Haas တို့နဲ့
မိတ်ဖက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာ့ဘီယာဈေးကွက်ထဲမှာ နေရာတစ်ခုကို
သိမ်းပိုက်ခဲ့တာပါ။
.
စကော့တ်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ဗီဒီယို ထွက်ပေါ်လာပြီးတဲ့
နောက်မှာ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် လူပုဂ္ဂိုလ်တွေနဲ့ အနုပညာရှင်တွေကလည်း
သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရမှုတွေကို လူမှုကွန်ယက်ပေါ်မှာ
မျှဝေလာခဲ့ကြပါတယ်။
.
ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့
ဂေါက်ကွင်းပိုင်ရှင် သူဌေးကြီးရဲ့ သမီး ခွန်ထရာကူ က သူမရဲ့ အသက် ၁၁ နှစ်အရွယ်မှာ
ကိုယ်ပိုင်ယာဉ်မောင်းရဲ့ အဓမ္မကျင့်မှုကို ခံခဲ့ရကြောင်းနဲ့ ကိုယ်ဝန် ရရှိခဲ့ပြီး
ဖျက်ချခဲ့ရတဲ့ အကြောင်း ဖွင့်ဟခဲ့သလို၊ အင်ဖလူရန်ဆာ တစ်ယောက်ဖြစ်တဲ့ ဆရီရတ် ကလည်း
သူ့ရဲ့အသက် ၁၉ နှစ်အရွယ်မှာ အသက် ၅၀ အရွယ် အထက်လူကြီးရဲ့ လိင်ပိုင်းဆိုင်ရာ
စော်ကားမှုကို ခံခဲ့ရဖူးတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
.
Source : South China Morning Post

No comments:
Post a Comment