.
၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့တွင် ယမန်နေ့
မေလ ၂၂ ရက်၊ နေ့လယ်ပိုင်းက မိုးရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက် အချို့ရှိ နေအိမ်များ
ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.“မနေ့ (မေလ ၂၂ ရက်) နေ့လယ် ၁၂ နာရီခွဲလောက်က ရွာပြီး
၂ နာရီကျော်လောက်မှာ နားသွားတယ်။ အဲလောက်လေး ရွာတာကို ရေတော်တော်လေး မြုပ်သွားကြတယ်။
တောင်ပေါ်ဆိုတော့ ခဏပါပဲ။ ပြီးတော့ (ရေ) ပြန်ကျသွားပါတယ်။ အခု ဒီနေ့အထိတော့ သန့်ရှင်းရေး
လုပ်နေရတုန်းပဲ” ဟု လွိုင်လင်မြို့နေ ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မိုးရွာသွန်းမှုကြောင့် အခြား ထိခိုက်ပျက်စီးမှု
တစ်စုံတစ်ရာ မရှိခဲ့ဘဲ အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ် အချို့တွင် အိမ်အောက်ထပ်
ရေနှင့် ရွှံ့နွံ့ ဝင်ရောက်မှုကြောင့် အိမ်တွင်းရှိ ပစ္စည်းများ ပျက်စီး ဆုံးရရှုံးမှု
အချို့သာ ရှိခဲ့သည်ဟု သိရသည်။
.
ထို့အပြင် တောင်ကြီး-လွိုင်လင် လမ်းပိုင်းတွင်လည်း
မိုးရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် လမ်းပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားနေလျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment