တောင်ကိုရီးယား အမျိုးသမီး ကေပေါ့ပ်အဖွဲ့ ဖြစ်တဲ့ BABYMONSTER ဟာ ယူကျု့ပရိသတ် ၁၂ သန်းကျော် ရရှိခဲ့တဲ့ တတိယမြောက် အမျိုးသမီးကေပေါ့ပ်အဖွဲ့ ဖြစ်လာခဲ့ပါတယ်။
.
၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ပွဲထွက်ခဲ့ကြတဲ့ BABYMONSTER က ၂ နှစ်နဲ့ ၂ လကျော် အချိန်အတွင်းမှာ ပရိသတ် ၁၂ သန်း ရရှိခဲ့တာ ဖြစ်ပြီး ပွဲ ထွက်ပြီးတဲ့နောက် အချိန် အတိုဆုံးနဲ့ ဒီပရိသတ် အရေအတွက်ကို
ရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီးကေပေါ့ပ်အဖွဲ့လည်း ဖြစ်လာခဲ့ပါတယ်။
.
မေလ ၁၇ ရက် မတိုင်မီ ၁၃ ရက်အတွင်းမှာ ပရိသတ်အသစ် ၂၅၀၀၀၀ ကျော်
တိုးလာခဲ့ပြီး တစ်ရက်ကို ပျမ်းမျှ ပရိသတ်အသစ် ၂၀၀၀၀ နီးပါး ရရှိခဲ့တဲ့အကြောင်း BABYMONSTER
ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment က
ပြောဆိုထားပါတယ်။
.
တောင်ကိုရီးယားရဲ့ အမျိုးသမီးကေပေါ့ပ် သမိုင်းမှာတော့ ယူကျု့ပရိသတ်
၁၂ သန်းကျော် ရရှိထားတဲ့ အဖွဲ့ ၃ ခုအထိ ရှိလာခဲ့တာ ဖြစ်ပြီး BlackPink နဲ့ Twice အဖွဲ့တွေက ယူကျု့ပရိသတ် ၁၂ သန်းကျော်
ရရှိထားခဲ့တဲ့ အဖွဲ့တွေ ဖြစ်ကြပါတယ်။
.
မိန်းကလေး ကေပေါ့ပ်အဖွဲ့တွေကို ပွဲထုတ်လိုက်တိုင်း အောင်မြင်ခဲ့တဲ့ YG
ကြောင့် BABYMONSTER ရဲ့ ပွဲ ထွက်လာမှုကို
ပရိသတ်တွေက ကြိုဆိုခဲ့ကြပြီး အဖွဲ့ဝင်တွေရဲ့ အသံအား ကောင်းမှု၊ ရက်ပ်စကေး
ကောင်းမှုနဲ့ အက ဖျော်ဖြေမှုတွေမှာ ဆန်းသစ်မှုတွေက BABYMONSTER ကို ပိုပြီး နာမည်ကြီးလာစေခဲ့တာပါ။
.
ဒါ့အပြင် ပွဲမထွက်ခင်ကတည်းက Youtube မှာ ဗီဒီယိုလေးတွေ ဖန်တီးပြီး ပရိသတ်နဲ့ ဆက်ဆံရေး ကောင်းဖို့ ကြိုးစားနေတာကြောင့်လည်း တကယ်တမ်း ပွဲထွက်လာချိန်မှာ BABYMONSTER က ထင်တာထက် ပိုပြီး အောင်မြင်လာခဲ့ရတာ ဖြစ်ပါတယ်။
.
#KBZTai #Shan #Kpop # BABYMONSTER


No comments:
Post a Comment