ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ပန်စလိကျေးရွာတွင် ယမန်နေ့ မေလ ၂၂ ရက်၊ နံနက်ပိုင်းက အွန်လိုင်းလိမ်လည်
လောင်းကစားမှုများ ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား ၃၃ ဦးကို ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီး
ရမိခဲ့ကြောင်း သိရသည်။
.
လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မေလ ၂၂ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၇၈၀၀ ခန့်အကွာ လွယ်စတုံကျေးရွာအုပ်စု၊ ပန်စလိကျေးရွာရှိ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၃ ဦးအား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြု သည့် All In One ကွန်ပျူတာ
၃၂ လုံး၊ စားပွဲ ၂၀ လုံး၊ ထိုင်ခုံ ၃၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မယ်ထော်သလေးကျေးရွာအနီးတွင်လည်း ယမန်နေ့က အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၂၇ ဦးအား အွန်လိုင်း လိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြု သည့် All In One ကွန်ပျူတာ
၄ လုံး၊ Monitor ၁၄
လုံး၊ CPU ၂၀
လုံးနှင့် ဖုန်းမျိုးစုံ ၄၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင် ပြည်ပ နိုင်ငံသားများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
.
#KBZTai #Shan #Tachileik
.
Saturday, May 23, 2026
Home
တာချီလိတ်
မှုခင်း
ရှမ်းရှေ့
တာချီလိတ်မြို့နယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား ၃၃ ဦး ဖမ်းမိ
တာချီလိတ်မြို့နယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား ၃၃ ဦး ဖမ်းမိ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment