ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊
ပင်လုံ-ကျောက်တန်း-တောင်ကြီးသွား ကားလမ်း၌ ပြီးခဲ့သည့် မေလ
၂၁ ရက်၊ နေ့လယ် ၂ နာရီခန့်က ငွေကျပ်သိန်း ၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း
အဖွဲ့သည် ပင်လုံ-ကျောက်တန်း-တောင်ကြီးသွား ကားလမ်းပေါ် မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေစဉ် ဟန်ထူးအောင် မောင်းနှင်ပြီး
မျိုးသူကို လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ ကာလတန်ဖိုးငွေကျပ် ၈၅၆၈ သိန်းရှိ ဘိန်းဖြူဘလောက်တုံး ၂၇၂ တုံးနှင့်
ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ဖြစ်သည့် Happy
Water အလေးချိန် ၁ ဒသမ ၀၀၅ ကီလိုအား တွေ့ရှိကာ
ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဟန်ထူးအောင် နှင့်
မျိုးသူကို တို့ကို ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း
သိရသည်။
.
#KBZTai #Shan #Drugs #Panglong

No comments:
Post a Comment