.
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်
.
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်
မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ မေလ ၂၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ်
(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ၂၀၂၆-၂၀၂၇ ပညာင်နှစ် ရှမ်းပြည်နယ်
ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်
စိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ စိုင်းထွန်းစိန်နှင့်
တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက
မြေစိုက်ပိုစတာ ဆိုင်းဘုတ်ကို အမွှေးနံသာရည် များဖြင့် ပက်ဖြန်းပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ
ရိုက်ကူးခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment