အေးသာယာတွင် မော်တော်ဆိုင်ကယ် တစ်စီး ခိုးယူခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 24, 2026

အေးသာယာတွင် မော်တော်ဆိုင်ကယ် တစ်စီး ခိုးယူခံရ


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၀)၊ စိန်စီလမ်း မုံတဝရှိ နေအိမ် ခြံဝန်းအတွင်း၌ ရပ်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီး ယမန်နေ့ မေလ ၂၃ ရက်၊ နံနက် အစောပိုင်းက ခိုးယူ ခံခဲ့ရကြောင်း သိရသည်။

.

ခိုးယူခံရသည့် မော်တော်ဆိုင်ကယ်မှာ Honda Wave 100 အမျိုးအစား၊ အဖြူရောင် ဖြစ်ပြီး မော်တော်ဆိုင်ကယ် အမှတ်မှာ SHN - 56W 60927 ဖြစ်ကြောင်း သိရသည်။

.

“ ခြံထဲမှာ ရပ်ထားတာကို လာခိုးသွားတာ ရှင့်။ ခြံစည်းရိုးသံဇကာကို ဖျက်ပြီးတော့မှ ခိုးသွားတာပါ။ ရဲစခန်းမှာလည်း အမှု ဖွင့်ထားပါတယ်။” ဟု ဆိုင်ကယ်ပိုင်ရှင် အမျိုးသမီးက ပြောသည်။

.

အဆိုပါ မော်တော်ဆိုင်ကယ်အား တွေ့ရှိသူများ အနေဖြင့် ဖုန်းနံပါတ် 09977813062 နှင့် 09449805915 သို့ ဆက်သွယ် အကြောင်းကြားပေးပါရန် ပိုင်ရှင် ဖြစ်သူက မေတ္တာ ရပ်ခံထားပါသည်။

.

အေးသာယာမြို့တွင်ပင် မေလ ၂၃ ရက်၊ နံနက် ၈ နာရီခွဲ ကျော်ခန့်ကလည်း မော်တော်ဆိုင်ကယ် တစ်စီးအား ပွဲစား အယောင် ဆောင်ကာ မောင်းနှင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ယင်း လုယူခံရသည့် မော်တော်ဆိုင်ကယ်အား ရွှေညောင်မြို့၊ အောင်သပြေ တောစပ်အနီး တစ်နေရာ၌ ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

.
#KBZTai #Shan  #News  #Ayetharyar

No comments:

Post a Comment

Pages