.
မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၃ နိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲနဲ့
ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြသွားမှာဖြစ်ပါတယ်။
.
■ ဘယ်သူတွေ
ပြိုင်ကြမှာလဲ
.
ဒီပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း၊
ထိုင်းအမျိုးသမီးအသင်းနဲ့ ဥဇဘက်ကစ္စတန် အမျိုးသမီးအသင်းတို့ ပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး AYA Tri Nation Cup လို့ နာမည်ပေးထားတာပါ။
.
■ ဘယ်နေ့တွေ
ပြိုင်ကြမလဲ
.
ပြိုင်ပွဲကို ဇွန်လ ၃ ရက်နေ့ ကနေ စတင် ကျင်းပမှာ ဖြစ်ပြီး ဇွန်လ ၃
ရက်နေ့မှာ မြန်မာနဲ့ ဥဇဘက်ကစ္စတန် အသင်း၊ ဇွန်လ ၆ ရက်မှာ
ထိုင်းနဲ့ ဥဇဘက်ကစ္စတန်အသင်း၊ ဇွန်လ ၉ ရက်မှာ မြန်မာနဲ့
ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
.
■ လက်မှတ်တွေ
ဘယ်လို ဝယ်ရမလဲ
.
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် AYA Bank ၃ နိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲရဲ့ လက်မှတ်တွေကို မေလ ၃၁ ကနေ
စတင်ရောင်းချသွားမယ့် အကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်က ကြေညာထားပါတယ်။
မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မယ့် ၃ နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲက
ဇွန်လ ၃ ရက်မှာ စတင်မှာ ဖြစ်ပေမယ့်လည်း ကြိုတင်လက်မှတ်တွေ အဖြစ် မေလ ၃၁
ရက်ကနေစပြီး ဝယ်ယူနိုင်မှာပါ။
လက်မှတ်တွေကို မေလ ၃၁၊ ဇွန်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ကြိုတင် ရောင်းချပေးသွားမှာ
ဖြစ်ပြီး မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ဘောလုံးအဖွဲ့ချုပ်
ရုံးမှာ သွားရောက်ဝယ်ယူလို့ ရတဲ့အကြောင်း အသိ ပေးထားပါတယ်။
.
လက်မှတ် ဈေးနှုန်းတွေကတော့ ရိုးရိုးတန်း ၂၀၀၀ ကျပ်နဲ့ အထူးတန်း ၅၀၀၀
ကျပ်တို့ ဖြစ်ပြီး အွန်လိုင်းကနေလည်း ဝယ်ယူလို့ ရတဲ့အကြောင်း ဘောလုံးအဖွဲ့ချုပ်က ကြေညာထားပါတယ်။
.
■ နောက်ဆုံးရသတင်းတွေ
အနေနဲ့ ဘာတွေ ရှိလဲ
.
AYA Tri Nation Cup သုံးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအတွက်
အမျိုးသမီးအသင်း လူစာရင်းမှာ ထပ်တိုး ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။
.
ပြီးခဲ့တဲ့ ရာသီတုန်းက မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ
အကောင်းဆုံး ခြေစွမ်း ပြခဲ့ကြပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့ကြတဲ့
ရန်ကုန်ယူနိုက်တက်အသင်းရဲ့နောက်ခံလူ နန်းစနေမ နဲ့ ISPE အသင်းရဲ့
ကွင်းလယ်လူ နန်းဟွင်းလိုင်း တို့ ရွေးချယ်ခြင်း ခံခဲ့ရတာပါ။
.
နှစ်ယောက်စလုံးက သက်ဆိုင်ရာအသင်းတွေမှာ ခြေစွမ်းပြ ကစားခဲ့ကြပြီး
လက်ရွေးစင်အသင်းဆီ ရောက်လာခဲ့ကြပေမယ့် လက်ရှိ ပွဲထွက် လူစာရင်းကို ဝင်တိုးပြီး
နေရာ ယူနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
.
ပရိသတ်တွေကတော့ ISPE ရဲ့ ကွင်းလယ်လူ နန်းဟွင်းလိုင်း က ရုန်းအား၊ တိုးအား ကောင်းသလို သူ့ရဲ့ ခြေစွမ်းကို အဓိက
စောင့်ကြည့်သွားရမယ်လို့ မှတ်ချက်ပေးနေကြပြီး မြင့်မားတဲ့ အရပ်အမောင်းနဲ့
ရန်ကုန်ယူနိုက်တက် နောက်ခံလူ နန်းစနေမ ကတော့ အသင်းရဲ့ လက်ရှိခံစစ်မှာ ကစားနေတဲ့
ဖြူဖွေး၊ မေသက်မွန်မြင့် တို့ကို ကျော်ဖို့ မလွယ်တဲ့အကြောင်း မှတ်ချက်တွေ ပေးနေကြပါတယ်။
.
#KBZTai
#Shan #Broadcasting
.
Link
- https://shorturl.at/G5E54
No comments:
Post a Comment