.
၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊
တောင်နီကျေးရွာတွင် ယနေ့ မေလ ၂၄ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး ပေါက်ပြားဖြင့် ထုရိုက်ခံရပြီး
ဦးခေါင်းသွေးထွက် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
.မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာနေ
ကိုဝိုင်းချစ် အား တစ်ရွာတည်းနေ မျိုးထက်အောင် ဆိုသူက ယခင် အခြေအတင်စကားများခဲ့မှုအပေါ်
မကျေနပ်၍ ဦးခေါင်းအား ပေါက်ပြားဖြင့် ထုရိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် ကိုဝိုင်းချစ်တွင်
ဦးခေါင်းထိပ် ပေါက်ပြဲသွေးထွက် ဒဏ်ရာ ၂ ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ရွှေညောင်တိုက်နယ်ဆေးရုံ
မှတစ်ဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ပေးလျက်ရှိကြောင်း
သိရသည်။
.
“ပေါက်ပြားအနောက်နဲ့ ခုတ်လိုက်တာပါ။ စဖြစ်ဖြစ်ချင်းတော့
တရားခံကို မမိဘူး။ အခု မိပါပြီ” ဟု တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အမျိုးသား ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူ
မျိုးထက်အောင်အား ရွှေညောင်နယ်မြေ ရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး ရာဇသတ်ကြီးပုဒ်မ
၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment