အထူးလုံခြုံရေးအရာရှိတွေကို လုပ်ကြံဖို့ကြိုးစားရာကနေ အိမ်ဖြူတော်အနီးမှာ ပစ်ခတ်မှုဖြစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 24, 2026

အထူးလုံခြုံရေးအရာရှိတွေကို လုပ်ကြံဖို့ကြိုးစားရာကနေ အိမ်ဖြူတော်အနီးမှာ ပစ်ခတ်မှုဖြစ်

.

၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်

.

အမေရိကန်၊ အိမ်ဖြူတော်အနီးမှာ အထူးလုံခြုံရေးအရာရှိတွေကို လူတစ်ဦးက သေနတ်နဲ့ပစ်ခတ်ဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့ပြီး သေနတ်သံတွေ ဆူညံသွားခဲ့ပါတယ်။ သတင်းရင်းမြစ်တွေရဲ့ ပြောစကားအရတော့ လူတစ်ဦးက အိမ်ဖြူတော်အနီးမှာ တာဝန်ကျနေတဲ့ အထူးလုံခြုံရေးအဖွဲ့ရဲ့အရာရှိတွေကို သေနတ်နဲ့ပစ်ခတ်ဖို့ ကြိုးစား ခဲ့တာဖြစ်ပြီး အေးဂျင့်တွေကလည်း ပြန်လည်ပစ်ခတ်ခဲ့လို့ သေနတ်သံ ၁၅ ချက်ကနေ အချက် ၃၀ လောက်အထိ ကြားခဲ့ရပါတယ်။

.

.

မေလ ၂၃ ရက်၊ အမေရိကန်စံတော်ချိန် ညနေ ၆ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ဖြူတော်ထဲမှာ ရှိတဲ့သတင်းထောက်တွေက သေနတ်ပစ်သံများစွာကို ဆက်တိုက်ကြားခဲ့ရတာပါ။ လုံခြုံရေးအဖွဲ့ဝင်တွေက သတင်းထောက်တွေကို အိမ်ဖြူတော်ရဲ့သတင်းစာရှင်းလင်းပွဲအခန်းထဲ ခေါ်သွားခဲ့ကြပြီး အိမ်ဖြူတော်ကို လုံခြုံရေးအရ ပိတ်ဆို့ထားခဲ့ကြပါတယ်။

.

CBS သတင်းရဲ့ဖော်ပြချက်အရတော့ သေနတ်သမားတစ်ဦးတည်းက အိမ်ဖြူတော်လုံခြုံရေးအဖွဲ့ဝင်တွေ နားကို ချဉ်းကပ်ပြီး ပစ်ခတ်ခဲ့တာဖြစ်ပေမဲ့လည်း မအောင်မြင်ခဲ့တဲ့အကြောင်းနဲ့ အေးဂျင့်တွေဖက်ကနေ ပြန်လည်ပစ်ခတ်ခဲ့တဲ့အကြောင်း သိရတာပါ။ ပစ်ခတ်မှုကြောင့် လူနှစ်ဦး ဒဏ်ရာရသွားခဲ့ပြီး တစ်ဦးက ပစ်ခတ်မှု သံသယရှိသူဖြစ်ကာ နောက်တစ်ဦးကတော့ လမ်းသွားလမ်းလာတစ်ဦး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်က အိမ်ဖြူတော်မှာပြုလုပ်တဲ့ သတင်းထောက်တွေရဲ့ ညစာစားပွဲမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပြီး တစ်လအကြာမှာ ထပ်မံဖြစ်ပွားခဲ့တာပါ။

.

ထပ်မံထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ သေနတ်သမားဟာ လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ ပြန်လည်ပစ်ခတ်မှု ကြောင့် သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုမှာ သေဆုံးသွားခဲ့တဲ့သူက အသက် ၂၁ နှစ်အရွယ် နာဆီရီ ဘက်စ် ဆိုသူဖြစ်ကြောင်းနဲ့ ဘက်စ် ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လထဲမှာ အိမ်ဖြူတော်ထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် အိမ်ဖြူတော်လုံခြုံရေးတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရသူပါ။ အဲဒီနောက်မှာတော့ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် စိတ်ရောဂါကုဌာန ကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

.

No comments:

Post a Comment

Pages