ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်အချို့၌ အွန်လိုင်းလောင်းကစား ဖြစ်သည့် စလော့ဂိမ်း လောင်းကစား ပြုလုပ်သူများကိုပါ ဖမ်းဆီးနေမှုများ ရှိလာနေကြောင်း သိရသည်။
.
“ စလော့
ဆော့တာလည်း လောင်းကစားပဲလေ၊ ဖမ်းလို့ရတယ်၊ ဖမ်းခွင့် ရှိတယ်။ အောင်ပန်းတို့ ရွာငံတို့ဘက်တွေမှာ
ဖမ်းတာ ကြားရတယ်။ ကျန်တဲ့နေရာတွေလည်း ဖမ်းတော့ ဖမ်းမယ် ထင်တယ်။ သတင်းတော့ မကြားမိဘူး၊
ကိုယ် မသိတာ ဖြစ်မှာပါ။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့်
မေလ ၂၆ ရက်၊ ညနေပိုင်းက အောင်ပန်းမြို့၊ အမှတ်
၃ ရပ်ကွက်၊ ဓမ္မာရုံလမ်းတွင် အမျိုးသား တစ်ဦးကို
ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် ၎င်းကိုင်ဆောင်ထားသော လက်ကိုင်ဖုန်း အတွင်းမှ စလောဂိမ်း လောင်းကစားမှုများ
ပြုလုပ်ထားသည်ကို တွေ့ရှိ၍ ဖမ်းဆီးကာ အောင်ပန်းမြို့မရဲစခန်းတွင်
လောင်းကစားဥပဒေ ပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
.
ယင်းကဲ့သို့
ဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြည်သူ တစ်ဦးက “ဒီလိုမျိုး ဖမ်းတာက ကောင်းတဲ့ ကိစ္စပါပဲ၊ စလော့
ဆော့လို့ စီးပွား တက်တယ်ဆိုတာ မရှိပါဘူး၊ စီးပွား ပျက်တာပဲ ကြားဖူးပါတယ်။ ခုက ကိုယ့်ယောကျ်ား/မိန်းမ၊
သား/သမီး စလော့ဆော့မှာ ကြောက်နေရတဲ့ ကာလမှာ ခုလို ဖမ်းတာတွေ ရှိလာတော့ နည်းနည်းတော့
ထိန်းသွားမယ် ထင်ပါတယ်။”ဟု ဆိုသည်။
.
ယင်းကဲ့သို့
ဖမ်းဆီးခြင်းမှာ ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သော်လည်း သာမန် ပြည်သူ တစ်ဦး၏ ကိုယ်ရေးကိုယ်တာ
ကိစ္စရပ် ဖြစ်သော လက်ကိုင်ဖုန်းအား အဓမ္မ ရယူ စစ်ဆေးခြင်းမျိုး မပြုလုပ်ရန် လိုအပ်သကဲ့သို့
ငွေကြေး တောင်းယူခြင်းကဲ့သို့သော အဂတိကိစ္စရပ်များ မဖြစ်ရန်လည်း လိုအပ်သည်ဟု အကြံပြုသည်။
.
#KBZTai #Shan #AungBan #Slots

No comments:
Post a Comment