ထိုင်းနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အီဘိုလာ
ကူးစက်မှုနှုန်း မြင့်မားနေတဲ့ ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံက လာရောက်ကြသူတွေကို ၂၁
ရက် ကွာရန်တင်း ဝင်ရမယ်ဆိုတဲ့အကြောင်း အမိန့် ထုတ်လိုက်ပါတယ်။
.
ထိုင်းနိုင်ငံတွင်းကို အာဖရိကဖက်ကနေ လူ ဝင်ရောက်မှုမှာ ဒီ ၂
နိုင်ငံမှာ နေထိုင်သူတွေ များလာပြီး သူတို့ဆီမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါပိုးကို
ရှောင်ကွင်းဖို့ ရောက်လာကြသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ ဝင်ရောက်လာသူတွေက
ကျန်းမာရေး တာဝန်ရှိသူတွေဆီကို နေ့စဉ် သတင်းပို့ရမယ့် စည်းကမ်းကို
မလိုက်နာကြတာကြောင့် ၂၁ ရက် သီးသန့်နေရမယ်ဆိုတဲ့ အစီအစဉ် ဖြစ်ပေါ်လာတာပါ။
.
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကွန်ဂိုနဲ့ ယူဂန်ဒါကနေ
နေ့စဉ်ဝင်ရောက်သူနှုန်းက ပျှမ်းမျှ ၅/၇ ယောက်ကနေ ၁၀
ယောက်ကျော် အထိ တက်လာခဲ့ပြီး နောက်ဆုံး တစ်နေ့တည်းမှာ ၁၉ ယောက်အထိ ရှိခဲ့တယ်လို့
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာ ဆွန်လက် က ပြောပါတယ်။
.
လက်ရှိ အချိန်မှာတော့ ဒီ ၂ နိုင်ငံကနေ ရောက်ရှိလာကြသူတွေဟာ
သုဝဏ္ဏဘူမိလေဆိပ် တစ်ခုတည်းမှာပဲ ဆင်းသက်ခွင့်ရှိပြီး ခရီးသည် အားလုံးကို
နွန်သာဘူရီမှာ ရှိတဲ့ ကူးစက်ရောဂါ တားဆီးရေးဌာနမှာ ၂၁ ရက်ကြာ သီးသန့် ခွဲခြားထားမှာ
ဖြစ်ပါတယ်။
.
လာမယ့် ၇၂ နာရီအတွင်း ရောက်ရှိလာမယ့် သူတွေအတွက် ကွာရန်တင်း စားရိတ်ကို
ထိုင်းအစိုးရက ကျခံပေးမှာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ဝင်ရောက်လာသူတွေကတော့
ကွာရန်တင်းစားရိတ်ကို ကိုယ်တိုင် ပေးချေရမှာ ဖြစ်ပါတယ်။ သံသယဖြစ်စရာ လက္ခဏာတွေ
တွေ့ရှိမယ်ဆိုရင်တော့ ဆေးရုံကို ချက်ချင်း ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
.
ဒေါက်တာ ဆွန်လက် ကတော့ ပြီးခဲ့တဲ့ လထဲမှာ အဲဒီနိုင်ငံတွေက လူ ၁၀၀
လောက်ကို နေ့စဉ် ကျန်းမာရေး စောင့်ကြည့်မှုအတွက် သတင်း ပို့ခိုင်းထားပေမယ့်
တချို့က ပူးပေါင်းဆောင်ရွက်မှု မလုပ်ကြသလို၊ သူတို့ စာရင်းပေးထားတဲ့
ဟိုတယ်တွေမှာလည်း တည်းခိုကြတာ မရှိဘူးလို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့
အာဏာပိုင်တွေက သူတို့ကို ဟိုတယ်အထိ တိုက်ရိုက် ပို့ပေးပေမယ့် ဟိုတယ်တွေဖက်ကလည်း
အာဏာပိုင်တွေ ကိုယ်တိုင် လာပို့ပေးတဲ့ ခရီးသည်တွေကို လက်မခံချင်ကြဘူးလို့
ဆိုပါတယ်။
.
လက်ရှိ အချိန်မှာတော့ ကွန်ဂိုနဲ့ ယူဂန်ဒါမှာ အီဘိုလာကြောင့်
သေဆုံးသူ ၂၀၀ ကျော်နေပြီ ဖြစ်ပြီး ကူးစက် ခံထားရသူကလည်း ၁၀၀၀ ကျော်သွားပြီ ဖြစ်တဲ့အကြောင်း
သိရပါတယ်။
.
Source : Bangkok Post
.
#KBZTai #Shan #Ebola #Thai #International

No comments:
Post a Comment