တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်တွင် ဝါတွင်းကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 22, 2026

တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်တွင် ဝါတွင်းကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

.

၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်တွင် ဝါတွင်းကာလ ဝါဆိုဝါကပ် ဆရာတော် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်လှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ ဆွမ်းဆန်စိမ်း လောင်လှူပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ မေ ၂၂ ရက် နံနက်ပိုင်းက တာချီလိတ်တပ်နယ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အစည်အဝေးတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများက ဒေသခံ ပြည်သူ များ စုပေါင်းပါဝင်လှူဒါန်းနိုင်ရေး၊ သံဃာတော်များအား ကြည်ညိုသဒ္ဓါပွားများစွာဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေး၊ လုပ်ငန်းတာဝန်များကို စနစ်တကျ ခွဲဝေသတ်မှတ် ဆောင်ရွက်နိုင်ရေးနှင့် ကြိုတင်စီ မံဆောင်ရွက်ထားရှိနိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒေသခံပြည်သူများ လွတ်လပ်စွာပါဝင်လှူဒါန်းနိုင်ရေးအတွက် တာချီလိတ် ရွှေတိဂုံရင်ပြင်တော်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မြို့ပေါ်ကျောင်းပေါင်း ၁၄၈ ကျောင်းမှ ရဟန်း ၈၈၅ ပါး၊ သာမဏေ ၁၉၉၂ ပါး၊ သီလရှင် ၁၅၇ ပါး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၂၂၃ ဦး၊ စုစုပေါင်း ၄၂၅၇ ဦးတို့အား ဝါတွင်းသုံးလတာ ကာလအတွင်း ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages