တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်
ဗိုလ်လုပွဲမှာတော့ ဗီလာအသင်းက ဂျာမန်ကလပ် ဖရိုင်းဘတ် ကို ၃-၀ ဆိုတဲ့ရလာဒ်နဲ့
ဂိုးပြတ် အနိုင်ယူပြီး ယူရိုပါလိဂ် ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။
.
ဗီလာအသင်းအတွက် ၁၉၉၆ ခုနှစ်က စလို့ နှစ်ပေါင်း ၃၀ အတွင်း အဓိက
ဆုဖလား တစ်လုံးကို ပြန်လည် ရရှိခဲ့တာ ဖြစ်ပြီး ၊ ၁၉၈၂ ခုနှစ် ဥရောပဖလား
ရရှိခဲ့ပြီးတဲ့နောက် ၄၄ နှစ်အကြာမှာ ပြန်လည် ရရှိခဲ့တဲ့ ဥရောပ ဆုဖလားလည်း
ဖြစ်ပါတယ်။
.
ယူရိုပါလိဂ် ဘုရင်လို့ တင်စား ခေါ်ဝေါ်ကြတဲ့ ဗီလာနည်းပြ
အမ်မရီအတွက်လည်း ယူရိုပါလိဂ် ဆုဖလားကို ၅ ကြိမ်အထိ စံချိန်တင် ရယူနိုင်ခဲ့တဲ့
နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အမ်မရီ ဟာ ယူရိုပါလိဂ် ဆုဖလားကို ဆီးဗီးလားနဲ့ ၃
ကြိမ်၊ ဗီလာရီးယဲလ်အသင်းနဲ့ ၁ ကြိမ် ရယူခဲ့တာ ဖြစ်ပြီး လက်ရှိ ဗီလာနဲ့ ၁ ကြိမ်
ထပ်မံ ရယူပြခဲ့တာပါ။
.
ဒီပွဲက ဗိုလ်လုပွဲ ဖြစ်တာမို့ အကျိတ်အနယ် ရှိလိမ့်မယ်လို့
ထင်ခဲ့ကြပေမယ့် ပွဲက ထင်သလောက်တော့ ကြည့် မကောင်းခဲ့ပါဘူး။ ပွဲချိန် ပထမပိုင်းမိနစ်တွေမှာ
နှစ်ဖက်လုံး ထိန်း ကစားနေကြလို့ အခွင့်အရေး မယ်မယ်ရရ မရှိခဲ့ပေမယ့် ပွဲချိန် ၄၁
မိနစ်မှာ မော်ဂန်ရော်ဂျာစ်ရဲ့ ဖြတ်တင်ဘောကနေ တိုင်လီမန်း
ဘယ်ခြေနဲ့ မြေ မကျ ကန်သွင်းသွားခဲ့လို့ ဗီလာတို့ ဦးဆောင်ဂိုး ရခဲ့တာပါ။ ဗီလာ တို့
ဦးဆောင်ဂိုး ရပြီး နောက်ထပ် ၄ မိနစ် အကြာမှာပဲ ကွင်းလယ်လူ ဘူအမ်ဒီယာက ဂိုးစည်း အပြင်ကနေ
အဝေးကန်ချက်နဲ့ ဒုတိယဂိုး ထပ်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ ဗီလာ တို့ ၂-၀ နဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။
.
ဒုတိယပိုင်းမှာလည်း ဗီလာကပဲ အခွင့်အရေးတွေ ထပ် ရခဲ့ပြီး ပွဲချိန် ၅၈
မိနစ်မှာ ဘူအမ်ဒီယာရဲ့ ဖြတ်တင်ဘော ကို မော်ဂန်ရော်ဂျာစ်က ပြေးပိတ်ပြီး တတိယမြောက် ဂိုးကို
သွင်းယူခဲ့တာပါ။ အဲဒီနောက်မှာတော့ ပွဲကို ဗီလာကပဲ ထိန်းချုပ်သွားခဲ့ပြီး ၃-၀
ဆိုတဲ့ ရလာဒ်နဲ့အတူ ယူရိုပါလိဂ် ဆုဖလားကြီးကို ကိုင်မြောက် သွားခဲ့ပါတော့တယ်။
.
#KBZTai #Shan #Villa #EuropaLeague

No comments:
Post a Comment