အီရန်ရဲ့ အစ္စလာမ်ကာကွယ်ရေး တပ်ဖွဲ့ (IRGC) က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ဟောမုဇ် ရေလက်ကြားကနေ သင်္ဘော ၂၆ စင်း ဖြတ်သန်းဖို့အတွက် ညှိနှိုင်းပေးခဲ့တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ဟောမုဇ် ရေလက်ကြားအတွက် အီရန်နဲ့ အမေရိကန်တို့ရဲ့ ဆွေးနွေးမှုတွေကတော့ သဘောတူညီမှု တစ်စုံတရာ မရရှိသေးဘဲ ရပ်တန့်နေဆဲပါ။
.
အီရန်အစိုးရနဲ့ ဆက်နွယ်နေတဲ့ ISNA သတင်းဌာနကတော့
“ဟောမုဇ် ရေလက်ကြားကနေ သင်္ဘော သွားလာမှုတွေကို IRGC ရေတပ်ရဲ့
ခွင့်ပြုချက်နဲ့ ညှိနှိုင်းမှုအောက်မှာ ဆောင်ရွက်နေတယ်” လို့ ဖော်ပြခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ အီရန်က ဟောမုဇ်ရေလက်ကြားနဲ့ ပတ်သက်တဲ့ မြေပုံအသစ် တစ်ခု
ထုတ်ပြန်ခဲ့ပြီး သူတို့ရဲ့ ခွင့်ပြုချက် မရှိဘဲ သင်္ဘောတွေ
ဖြတ်သန်းခွင့် မရှိတဲ့ ထိန်းချုပ် ရေပြင်ဇုန်ကို သတ်မှတ်ဖော်ပြခဲ့တာပါ။
.
အမေရိကန်ကလည်း ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုကို တုန့်ပြန်တဲ့အနေနဲ့
အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ ထားခဲ့ပြီး အီရန်ရဲ့အဓိက ဝင်ငွေ ရင်းမြစ်ဖြစ်တဲ့
ရေနံ တင်ပို့မှုကို အခက်တွေ့စေခဲ့တာပါ။ ဒီ တင်းမာမှုတွေ ကြားမှာ ကမ္ဘာ့စွမ်းအင် ဈေးကွက်က
ဖိအား များလာခဲ့ပြီး ကပ်ဘေးကြီး တစ်ခု ပုံစံဖြစ်လာမှာကို အားလုံးက စိုးရိမ် လာနေကြတာပါ။
.
ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ဒီ ပိတ်ဆို့မှုကြောင့် လာမယ့် ၆ လ ကနေ ၁၂ လ အတွင်း ကမ္ဘာလုံးဆိုင်ရာ
အစားအစာ ဈေးနှုန်း အကျပ်အတည်းကြီး ဖြစ်ပေါ်လာနိုင်တယ်လို့ သတိ ပေးလိုက်ပါတယ်။ ဒီပြဿနာက သင်္ဘောပို့ဆောင်ရေးနဲ့ စွမ်းအင်ပြဿနာ မဟုတ်တော့ပဲ ကမ္ဘာလုံးဆိုင်ရာ
စားနပ်ရိက္ခာ ပြဿနာအနေနဲ့ ပုံစံပြောင်းလာပြီလို့ FAO က
သတိပေးလိုက်တာပါ။
.
ထရမ့်ကတော့ အီရန်နဲ့ ဆွေးနွေးပွဲတွေဟာ တိုးတက်မှုတွေ
ရှိနေတဲ့အကြောင်း ပြောဆိုခဲ့ပြီး အီရန်နဲ့ သဘောတူညီမှု မရဘူးဆိုရင်တော့ စစ်ရေးအရ
အရေးယူမှုတွေ ပြန်လည်လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အီရန်နိုင်ငံခြားရေး
ဝန်ကြီး အရာချီ ကလည်း စစ်ပွဲ ပြန်လည်ဖြစ်ပေါ်လာခဲ့ရင် မျှော်လင့် မထားတဲ့ အရာတွေနဲ့
အမေရိကန် ကြုံတွေ့ရနိုင်တယ်လို့ ပြန်လည် သတိပေးထားပါတယ်။
.
နှစ်ဖက်စလုံးကတော့ သူတို့ရဲ့ပိ တ်ဆို့ထားမှုတွေ အချိန် ကြာတာနဲ့အမျှ
တစ်ဖက်က ပိုပြီး အထိနာလိမ့်မယ်လို့ ခံယူထားကြတာကြောင့် ဒီလို အချိန်ဆွဲနေကြတာ ဖြစ်တယ်လို့
စစ်ရေးကျွမ်းကျင်သူ တချို့က သုံးသပ် ထားကြပါတယ်။
.
#KBZTai #Shan #Iran #American #International

No comments:
Post a Comment