အမျိုးသားအကြော အားတိုးဆေး ၆ မျိုးကို သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကြေညာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 16, 2026

အမျိုးသားအကြော အားတိုးဆေး ၆ မျိုးကို သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကြေညာ



အမျိုးသားအကြော အားတိုးဆေး ၆ မျိုးတွင် အနောက်တိုင်းဆေးများ ရောနှော ပါဝင်နေသဖြင့် သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်

.
အဆိုပါ ဆေးများမှာ ဆင်ပြောင်ကြီး၊ နတ်စည်းစိမ်၊ ဇော်ဂျီလက်စွဲ၊ တောင်ကြာပန်း၊ ဘီလူးငါးကောင်နှင့် Double X အမှတ်တံဆိပ်ပါ အမျိုးသားအကြော အားတိုးဆေးများ ဖြစ်ပြီး ယင်းဆေးဝါးများကို ဖြန့်ဖြူး‌ ရောင်းချပါက အရေး ယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း တွေ့ရှိရသော ဆင်ပြောင်ကြီးအမှတ်တံဆိပ် အမျိုးသားအကြော အားတိုးဆေး၊ နတ်စည်းစိမ်အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး၊ ဇော်ဂျီလက်စွဲ အမှတ်တံဆိပ် အကြောအားတိုးဆေး၊ တောင်ကြာပန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးနှင့် ဘီလူးငါးကောင် အမှတ်တံဆိပ် အမျိုးသားအားဆေးတို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်း ဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း ဈေးကွက်တွင် တိုင်းရင်းဆေးဝါး မှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့် အညီ မဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး) ဖြစ်ခြင်း၊ ဓာတ်ခွဲစစ်ဆေး စမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်ခြင်း၊ သတ်မှတ်ချက် (၁၀) ချက် ပြည့်စုံ မှန်ကန်မှု မရှိခြင်းနှင့် Double X အမှတ်တံဆိပ် အမျိုးသားအားတိုးဆေးသည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင် ခွင့်ပြုထားမှု မရှိခြင်း၊ ဓာတ်ခွဲ စစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်နေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
.
တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ မပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးထားသည်။
.
#KBZTai #Local
.

 

No comments:

Post a Comment

Pages