မောင်မောင်လွင်ရဲ့ ပြစ်ဒဏ်ကို ရုတ်သိမ်းပြီး လက်ရွေးစင်အသင်းမှာ ကစားခွင့် ပြုမယ်လို့ ဘောလုံး အဖွဲ့ချုပ် ကြေညာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 20, 2026

မောင်မောင်လွင်ရဲ့ ပြစ်ဒဏ်ကို ရုတ်သိမ်းပြီး လက်ရွေးစင်အသင်းမှာ ကစားခွင့် ပြုမယ်လို့ ဘောလုံး အဖွဲ့ချုပ် ကြေညာ



ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာ့လက်ရွေးစင် အသင်းတို့ရဲ့ ကစားသမား မောင်မောင်လွင် အပေါ် ချမှတ်ထားတဲ့ ၆ လ ကစားခွင့်ပိတ်တဲ့ ပြစ်ဒဏ်ကို ပြန် ရုတ်သိမ်းပြီး လက်ရွေးစင်အသင်းမှာ ပြန်လည် ကစားခွင့် ပေးမယ့်အကြောင်း ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။
.
ဘောလုံး အဖွဲ့ချုပ်ဆီကို မောင်မောင်လွင် အသနားခံစာ တင်ခဲ့တာကြောင့် အဖွဲ့ချုပ်က ပြန်လည် သုံးသပ်မှု ပြုလုပ်ပေးခဲ့ပြီး လာမယ့် ဇွန်လ ၁ ရက်နေ့က စလို့ ပြန်လည် ကစားခွင့် ပေးသွားမှာပါ။
.
မောင်မောင်လွင်ဟာ သန်လျင် သီဟဒီပကွင်းမှာ ရတနာပုံအသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ပရိသတ် အမျိုးသမီး တစ်ဦးကို ကိုယ်ထိလက်ရောက်တွ န်းထိုးခဲ့တဲ့အတွက် ၆ လ ပွဲ ကစားခွင့် အပိတ်ခံခဲ့ရပြီး ဒဏ်ကြေးငွေ သိန်း ၃၀ လည်း ပေးဆောင်ခဲ့ရတာပါ။
.
မေလ ၁ ရက်နေ့မှာ မောင်မောင်လွင်က အယူခံ တင်ခဲ့ပြီး ဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံကော်မတီက မေလ ၁၅ ရက်နေ့မှာ ပြစ်ဒဏ် ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။
.
ဒါပေမဲ့လည်း အလားတူ ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ဖြစ်လာခဲ့မယ် ဆိုရင်တော့ ဒီထက်ပိုပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ကျခံရမယ်ဆိုတဲ့အကြောင်း ဘောလုံးအဖွဲ့ချုပ်က သတိပေးချက် ထုတ်ပြန် ထားပါတယ်။
.
#KBZTai #MFF #Football

No comments:

Post a Comment

Pages