ရုရှားနဲ့ တရုတ်တို့ ဘေဂျင်းမှာ တွေ့ဆုံပြီး ရလာဒ်ကောင်းတွေ ထွက်လာကြောင်း ကြေညာနေချိန်မှာ ထရမ့်ကတော့ ရှီကျင့်ဖျင် ကို ရုရှားဖက် ပါနေတယ် ဆိုပြီး စိတ်ဆိုးနေပါပြီ။ အဲဒီအတွက် ထိုင်ဝမ်ကို လက်နက်တွေ ရောင်းဖို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် နဲ့ စကားပြောနိုင်ချေ ရှိတယ်ဆိုတဲ့အကြောင်း တရားဝင် ထုတ်ပြောလိုက်ပါတယ်။
.
၁၉၇၉ ခုနှစ်မှာ တိုင်ပေ ကနေ ဘေဂျင်းဆီ သံတမန် အသိအမှတ်ပြုမှု
ပြောင်းလဲလိုက်ပြီးတဲ့နောက် အမေရိကန်နဲ့ ထိုင်ဝမ်သမ္မတတွေ တိုက်ရိုက် စကားပြောဆိုခြင်း
မရှိကြတော့ပါဘူး။ ဒါပေမယ့် ထရမ့်ကတော့ ထိုင်ဝမ်ကို လက်နက် ရောင်းချမှု အစီအစဉ်ကြီးကို
လက်မှတ် မထိုးခင်မှာ သမ္မတနဲ့ စကားပြောဦးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေဆီ
အတည်ပြု ပြောဆိုထားပါတယ်။
.
ပိုလန် နိုင်ငံခြားရေးဝန်ကြီး ဆီကောစကီး က အစ္စရေးရဲ့ ဝန်ကြီးဖြစ်တဲ့
အီတာမာ ဘင်ဂ်ဗီယာ ကို နိုင်ငံအတွင်း ဝင်ရောက်မှု ပိတ်ပင်ပေးဖို့
တောင်းဆိုလိုက်ပါတယ်။ ဂါဇာ ကို အကူအညီတွေ ပို့ဆောင်မယ့် သင်္ဘောအုပ်စုကို အစ္စရေးက
ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အပေါ် ဆီကောစကီးက ဒေါသ ထွက်နေပြီး အခုလို တောင်းဆိုခဲ့တာပါ။
အစ္စရေးရဲ့ အထိန်းအကွပ် မရှိတဲ့ လုပ်ရပ်တွေကြောင့် ဘင်ဂ်ဗီယာ ကို
နိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို
တောင်းဆိုထားတဲ့အကြောင်း ဆီကောစကီးရဲ့ ပြောခွင့်ရ အရာရှိတစ်ဦးက ဆိုပါတယ်။
.
ပါကစ္စတန် စစ်ဦးစီးချုပ် အာစင် မူနီးယား ဟာ အီရန်ကို
သွားရောက်ခဲ့ပြီး ဒီခရီးစဉ်က အမေရိကန်-အီရန် ဆွေးနွေးမှု အပေါ် သက်ရောက်မှု ကြီးမားလိမ့်မယ်လို့
သုံးသပ်မှုတွေ ရှိနေကြပါတယ်။ ပါကစ္စတန်ဟာ အမေရိကန် - အီရန် ပြသနာမှာ ကြားဝင် ဖြေရှင်းသူ
အဖြစ် ဆောင်ရွက်နေပြီး အမေရိကန်ရဲ့ တောင်းဆိုချက်တွေကို မူနီးယားက အီရန်အစိုးရနဲ့ တွေ့ဆုံပြီး
ညှိနှိုင်းပေးနေတာပါ။
လက်ရှိ အချိန်မှာ အီရန်ဖက်က နောက်ထပ် စစ်ပွဲတွေ မဖြစ်ဖို့
အာမခံချက်တွေ တောင်းနေပေမယ့် အမေရိကန်ကတော့ နူကလီးယား ဆွေးနွေးမှုတွေ
သဘောတူညီချက် မရမချင်း စစ်ပွဲအတွက် အာမခံချက် မရှိဘူးလို့ တုန့်ပြန်ထားပါတယ်။
.
လန်ဒန် ၊ဘုရင့်ကောလိပ်က နိုင်ငံရေး သုံးသပ်သူ ပင်ဖိုးဒ် က အီရန်ဟာ
လက်ရှိ အချိန်မှာ သူတို့ရဲ့ အင်အား ပိုပြီး အားကောင်းလာတယ်လို့ ယုံကြည်နေကြတဲ့ အကြောင်းနဲ့
အချိန်ဆွဲပြီး လှုပ်ရှားနေတာက အားသာချက်တွေ ပို ဖြစ်လာစေတယ်လို့ ထင်မြင်နေကြတဲ့ အကြောင်း
မှတ်ချက်ပေးလိုက်ပါတယ်။
.
ဟောမုဇ် ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တာက အီရန်ရဲ့ အားသာချက်
တစ်ခု ဖြစ်နေပြီး အမေရိကန်ရဲ့ ဆွေးနွေးမှုတွေအပေါ် လွယ်လွယ်နဲ့ အလျှော့ပေးဖို့လည်း ရှိမနေဘူးလို့ ပင်ဖိုးဒ် က သုံးသပ် လိုက်ပါတယ်။ လက်ရှိမှာလည်း
အီရန်က ဟောမုဇ်ရေလက်ကြားနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ဝှေ့ရှောင်နေဆဲ ဖြစ်ပြီး
ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။
.
#KBZTai #Shan #International

No comments:
Post a Comment