.
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ရွာငံမြို့နယ်တွင် ယမန်နေ့ မေလ ၂၀ ရက်၊ နံနက်အစောပိုင်းက အမျိုးသား၂ ဦး သေနတ်ဖြင့်
ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာနေ
ကိုထိန်ဦး၏ နေအိမ်သို့ ယမန်နေ့ မေလ ၂၀ ရက်၊ နံနက် ၂ နာရီ ခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့
ရောက်ရှိလာပြီး ကိုထိန်ဦး၏ ဇနီးဖြစ်သူ ကို နေအိမ်ရှေ့ မြေကြီးတွင် မှောက်ခိုင်းထားကာ
နေအိမ်အတွင်း ကိုထိန်လင်းကို အမည်မသိ သေနတ်သမား များက သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့နောက် အဆိုပါ လက်နက်ကိုင်အဖွဲ့ နေအိမ်မှ ကျေးရွာအတွင်းဘက်သို့
ပြန်လည်ထွက်ခွာသွားစဉ် ဇနီး ဖြစ်သူက နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှုရာ ကိုထိန်ဦးမှာ
ကျည်ဆန်ထိမှန်ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယင်းနေ့ နံနက် ၂ နာရီခွဲ ခန့်တွင် ကျောက်ငှက်ကျေးရွာနေ
ဦးခန်းထက်ဇော် ၏ နေအိမ်သို့ အမည်မသိ လက်နက်ကိုင်များ ရောက်ရှိလာပြီး ဦးခန်းထက်ဇော်နှင့်
ဇနီးကို နေအိမ်အနီးတွင် မှောက်ခိုင်း ထားကာ ဦးခန်းထက်ဇော်အား သေနတ်သမားများက ဝိုင်းဝန်းပစ်ခတ်သဖြင့်
ကျည်ထိမှန် သေဆုံးသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
.
သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ကိုထိန်ဦးတွင် လည်ပင်းကျည်
ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲဘက် ပါးပြင် ကျည် ၅ ချက်ဖောက် ဝင်ပြီး
ယာဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊
ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲတံတောင်ဆစ်ကျည်ထိမှန်စုတ်ပြဲဒဏ်ရာ၊
ယာတံတောင်ဆစ် ကျည်ဖောက်ဝင်/ ထွက်ဒဏ်ရာ ၂ ချက်၊ ယာတင်ပါးဆုံကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်တို့ဖြင့်
သေဆုံးခဲ့ပြီး ဦးခန်းထက်ဇော်တွင် ယာနားထင်ကျည်ဖောက်ဝင်ပြီး ဝဲနားထင်ကျည်
ဖောက်ထွက်ဒဏ်ရာ၊ အောက်နှုတ်ခမ်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ အောက်
မေးရိုးကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသား ၂ ဦးသေဆုံးမှုနှင့် ပတ်သက်၍ ရွာငံမြို့မရဲစခန်းတွင်
အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:
Post a Comment