ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ လွယ်ဆောင်ထောက်ကျေးရွာ အနီးတွင် မေလ ၁၅ ရက်က တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦး ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့တွင်ပင် မိုင်းရှူးမြို့နယ်၊ ဟိုပုံကျေးရွာ အနီး၌ အွန်လိုင်း
လိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်သည့်
လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံ များအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
မိုင်းရှူးမြို့နယ်၊ မိုင်းရှူး-မိုင်းစံဒေသ၊ သံလွင်မြစ် အနောက်ဘက်ကမ်း
တစ်လျှောက်၌ အွန်လိုင်းလိမ်လည်
လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်း အဖွဲ့က ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ရာ မေ ၁၅ ရက် နံနက် ၉ နာရီခွဲခန့်က မိုင်းရှူးမြို့၏ အရှေ့တောင်ဘက်၂၆ ကီလိုမီတာခန့်အကွာ၊ လွယ်ဆောင်ထောက် ကျေးရွာ၏အရှေ့တောင်ဘက် ၁၁ ကီလိုမီတာခန့် သံလွင်မြစ် အနီး၌ တရားမဝင် ဝင်ရောက် နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ တစ်ဖွဲ့သည် သံလွင်မြစ်ကမ်းတလျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် မိုင်းစံမြို့၏ အရှေ့ဘက် ၂၆ ကီလိုမီတာခန့်အကွာ၊ ဟိုပုံရွာ၏ အရှေ့ဘက် ၉ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖျက်ဆီးထားသော အဆောက်အအုံများကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော် ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက် ပြင်းထန်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
.
#KBZTai #Shan #MongHsu
.
.jpg)
.jpg)
No comments:
Post a Comment