မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ မန်စီးတီး တို့ ပွဲမှာ ၁-၁ နဲ့ သရေ
ကျပြီး မန်စီးတီး အမှတ် ဆုံးရှုံးခဲ့ရတာကြောင့် ပွဲစဉ် ၃၈ ၊ နောက်ဆုံးပွဲ အထိ
စောင့်စရာ မလိုတော့ဘဲ အာဆင်နယ်အသင်း ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။
.
အာဆင်နယ်က လက်ရှိမှာ ၈၂ မှတ် ရရှိထားတာ ဖြစ်ပြီး၊ မန်စီးတီးက ၇၈
မှတ်သာ ရရှိခဲ့တာကြောင့် တစ်ပွဲ ကျန်ပေမယ့် မန်စီးတီးတို့ ဘယ်လိုမှ လိုက် မမီတော့ပဲ အာဆင်နယ်တွေ ချန်ပီယံ ဖြစ်သွားခဲ့တာပါ။
.
ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့
အာဆင်နယ်အတွက်တော့ ဒီနှစ်က ရင်ခုန် ရတဲ့နှစ် တစ်နှစ် ဖြစ်ခဲ့ပြီး မန်စီးတီးနဲ့
အကျိတ်အနယ် ယှဉ်ပြိုင်ပြီးတဲ့ နောက်မှာမှ ချန်ပီယံဆုကို ရရှိ သွားခဲ့တာပါ။
.
အာဆင်နယ် ပရိသတ်ပေါင်းများစွာဟာ မနေ့ညက မန်စီးတီးပွဲ အပြီးမှာ
အာဆင်နယ်ကွင်း အရှေ့မှာ စုဝေးခဲ့ကြပြီး အတူတကွ အောင်ပွဲခံ ခဲ့ကြပါတယ်။
.
ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးလက်ကျန်
ပွဲစဉ်တွေကိုတော့ မေလ ၂၄ ရက်မှာ အသင်းအားလုံး တပြိုင်တည်း ကစားကြရမှာ ဖြစ်ပါတယ်။
.
အာဆင်နယ်ဟာ လာမယ့် မေလ ၃၀ ရက်မှာ PSG နဲ့
ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရဦးမှာ ဖြစ်ပြီး အဲဒီပွဲမှာသာ ထပ် နိုင်ခဲ့ရင်
ဒီရာသီရဲ့ အဓိက ဖလား ၂ လုံးပိုင်ရှင် အဖြစ် ရပ်တည်နိုင်မှာပဲ ဖြစ်ပါတယ်။
.
#KBZTai #Shan #Sports #Football #Arsenal

No comments:
Post a Comment