မြန်မာနိုင်ငံအတွင်း အရေးပေါ်လိုအပ်နေသည့် စားနပ်ရိက္ခာနှင့် အာဟာရ
အထောက်အပံ့အတွက် ဥရောပ သမဂ္ဂ (EU) နှင့်
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့က ယူရို ၈ သန်း
ထောက်ပံ့ကူညီလိုက်ကြောင်း WFP က ယမန်နေ့ မေလ ၁၈ ရက်တွင်
ထုတ်ပြန်ထားသည်။
.
လက်ရှိ မြန်မာနိုင်ငံအတွင်း လူ ၄ ယောက်တွင် ၁ ယောက်နှုန်းဖြင့်
စုစုပေါင်း လူဦးရေ ၁၂ ဒဿမ ၄ သန်း သည် လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို
ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒဿမ ၇ သန်းသည်လည်း ဆက်လက်ဖြစ်ပွားနေဆဲ
ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်း WFP ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
.
အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်နိုင်ငံလံးအတိုင်းအတာ
အနေဖြင့် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက် နေပြီး မကွေးတိုင်းဒေသကြီးတွင် ၃၈
ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၃၂ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၃၁
ရာခိုင်နှုန်း အသီးသီး မြင့်တက်နေကြောင်း သိရသည်။
.
EU ၏ ယခုထောက်ပံ့မှုမှတစ်ဆင့် ပဋိပက္ခဖြစ်စဉ်များကြောင့်
နေရပ်စွန့်ခွာရသူမှုများ၊ စားနပ်ရိက္ခာ အခက် အခဲများကြောင့် ထိခိုက်ခံစားနေရသော
မိသားစုများအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ ပေးအပ်သွားမည်ဖြစ်ပြီး
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက်လည်း အထူးအာဟာရများ ထောက်ပံ့
ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ စားနပ်ရိက္ခာဖူလုံရေးအတွက် အဖွဲ့အစည်းများအကြား
ပေါင်းစပ်ညှိနှိုင်းမှု မြှင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး EU
နှင့် WFP အနေဖြင့် မြန်မာနိုင်ငံအတွင်း
ဆာလောင်မွတ်သိပ်မှု ကင်းဝေး စေရေးအတွက် ခိုင်မာသော မိတ်ဖက်များအဖြစ်
ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း WFP က ထုတ်ပြန်ထားသည်။
.
#KBZTai #Local #WFP
Wednesday, May 20, 2026
Home
UN
ပြည်တွင်းသတင်း
ပြည်ပသတင်း
မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံ့တွက် EU နှင့် WFP တို့က ယူရို ၈ သန်း ထောက်ပံ့ကူညီ
မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံ့တွက် EU နှင့် WFP တို့က ယူရို ၈ သန်း ထောက်ပံ့ကူညီ
Tags
# UN
# ပြည်တွင်းသတင်း
# ပြည်ပသတင်း
Share This
About Kanbawza Tai News
ပြည်ပသတင်း
Tags
UN,
ပြည်တွင်းသတင်း,
ပြည်ပသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment