ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ကို အသံထက် မြန်တဲ့ ပဲ့ထိန်းဒုံးတွေနဲ့
စတင် တိုက်ခိုက်နေပြီ ဖြစ်တဲ့ ရုရှားက နိုင်ငံခြားသားတွေကို မြို့တော်ထဲကနေ
ထွက်ခွာသွားဖို့ သတိပေးလိုက်ပါတယ်။
.
နောက်ထပ် တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်လာဦးမှာ ဖြစ်တဲ့အကြောင်းနဲ့
ကိဗ်မြို့ကနေ နိုင်ငံခြားသားတွေ ထွက်သွားဖို့ ရုရှားစစ်ဖက်က ကြေညာချက် ထုတ်လိုက်တာပါ။
.
ယူကရိန်းရဲ့ မြို့တော် ကိဗ်မှာ ရှိတဲ့ ဗဟိုဌာနတွေ၊
ကွပ်ကဲမှုရုံးတွေနဲ့ ဒရုန်းထုတ်လုပ်တဲ့ စက်ရုံတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှာ
ဖြစ်တဲ့အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ ပါရှိတာပါ။
နိုင်ငံခြားသားတွေနဲ့ သံတမန်တွေကို ကိဗ်မြို့ထဲကနေ အမြန်ဆုံး ထွက်သွားကြဖို့
တိုက်တွန်းထားပြီး စစ်ဖက်ဆိုင်ရာ အဆောက်အဦတွေနားကို မသွားကြဖို့လည်း
သတိပေးထားပါတယ်။
.
ပြီးခဲ့တဲ့ စနေညက ရုရှားရဲ့ အပြင်းအထန် တိုက်ခိုက်မှုကြောင့်
ကိဗ်နဲ့ တခြားမြို့တွေမှာ လူ ၁၀၀ လောက် ဒဏ်ရာ ရပြီး လူ ၄ ဦး သေဆုံးခဲ့ရတာပါ။
ဒီတိုက်ခိုက်မှုမှု Oreshnik ဆိုတဲ့ အသံထက် မြန်တဲ့
ပဲ့ထိန်းဒုံးကျည်တွေကို ရုရှားက အသုံးပြုခဲ့တာ ဖြစ်ပြီး ယူကရိန်းစစ်ပွဲအတွင်းမှာ
တတိယအကြိမ်မြောက် အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။
.
ဒီတိုက်ခိုက်မှုက ယူကရိန်းဖက်ကနေ ကျောင်းသားအဆောင်တစ်ခုကို
တိုက်ခိုက်မှုအပေါ် လက်တုန့််ပြန်တာ ဖြစ်တဲ့အကြောင်း မော်စကိုက ဖော်ပြထားပါတယ်။
.
ရုရှားရဲ့ Oreshnik ဒုံးကျည်က
နူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ဒုံးကျည်ဖြစ်ပြီး ဒီလိုဒုံးကျည်တွေကြောင့်
နူကလီးယား စစ်ပွဲတောင် ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေကြပါတယ်။
.
တနင်္လာနေ့ ညပိုင်းမှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး
ဆာဗီလက်ရို့ဗ် က အမေရိကန်ဖက်ကို ဖုန်းဆက်ပြီး ကိဗ် မြို့ကနေ အမေရိကန်သံတမန်တွေကို
ရွှေ့ပြောင်းပေးဖို့ တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
.
Source : BBC
.
#KBZTai #Shan #International #Russia

No comments:
Post a Comment