.
၂၀၂၆ ခုနှစ် ၊ မေလ ၂၁ ရက်
.
နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု
မော်ဒယ်များ ခန့်မှန်းချက်အရ လာမည့် ဇွန်လမှ စတင်၍ အား အနည်းငယ်ရှိသော အယ်လ်နီညို
အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှု ဦးစီးဌာနက
ယနေ့ မေလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
,
.ထို့အတူ လာမည့် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင်
အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟုလည်း မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။
.
အယ်လ်နီညို ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်
ဖြစ်ပေါ်သည့် ဖြစ်စဉ် ဖြစ်သော်လည်း ယင်း အယ်လ်နီညို ဖြစ်စဉ်ကြောင့် အကျိုး
သက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူ မမှန်ခြင်း၊ နေ့ အပူချိန်များ
မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူ မမှန်ခြင်း၊ မိုးခေါင် ရေရှားခြင်း
စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
.
ပြည်သူများ အနေဖြင့် ကဏ္ဍများအလိုက် ကြိုတင်
ပြင်ဆင်နိုင်ကြရန်နှင့် အယ်လ်နီညို ဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား
အချိန်နှင့် တပြေးညီ ဆက်လက် ထုတ်ပြန်မည် ဖြစ်ကြောင်း မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။
.

No comments:
Post a Comment