ဒီနေ့ ရရှိထားတဲ့ သတင်းတွေထဲက သတင်းအချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
■ ကြုံလာနိုင်တဲ့
သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်မယ့် ရှမ်းတောင်ပရဟိတကွန်ယက်
သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာခဲ့ရင် ကယ်ဆယ်ထောက်ပံ့မှုတွေ
ပြုလုပ်နိုင်ဖို့ အတွက် ကမ္ဘောဇဖောင်ဒေးရှင်း နဲ့
ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်တို့ ပူးပေါင်းပြီး
ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားကြမယ်လို့ သိရပါတယ်။
■ ရေမြောင်းတွေထဲမှာ ရေပိုက်လိုင်းထည့်ပြီး သွယ်တန်းနေတာကြောင့် ရေမြောင်းပိတ်မှုတွေ ပိုဖြစ်နေ
တောင်ကြီးမြိုပေါ် ရပ်ကွက်တချို့မှာ ရေစီးမြောင်းတွေထဲကို ရေပိုက်လိုင်းထည့်သွင်း သွယ်တန်းမှုတွေ ပြုလုပ်ထားတဲ့အတွက် တချို့နေရာတွေမှာ ရေမြောင်း ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတဲ့အကြောင်း သိရပါတယ်။
■ အီဘိုလာ ရောဂါကြောင့် အမေရိကန်မှာ ၂၁ ရက် သီးခြားနေရမယ့် ကွန်ဂိုအသင်း
ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ အခြေအနေကြောင့် ကွန်ဂို အသင်းအနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဖို့ လာရောက်ရင် ၂၁ ရက် သီးခြားနေရမယ် ဆိုတဲ့အကြောင်း အမေရိကန်က ကြေညာချက် ထုတ်လိုက်ပါတယ်။
.
#KBZTai #Shan #Broadcasting
Link - https://shorturl.at/VU39Z
No comments:
Post a Comment