MNDAA အနေဖြင့် လက်နက်အင်အား အလွန်အကျွံ အသုံးပြုလာခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း သျှမ်းလူငယ်ကွန်ဂရက် ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 27, 2026

MNDAA အနေဖြင့် လက်နက်အင်အား အလွန်အကျွံ အသုံးပြုလာခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း သျှမ်းလူငယ်ကွန်ဂရက် ထုတ်ပြန်



ကိုးကန့်တပ်ဖွဲ့ (MNDAA) အနေဖြင့် နယ်မြေချဲ့ထွင်ခြင်းနှင့် အုပ်ချုပ်စီမံမှုဆိုင်ရာ ကိစ္စရပ်များတွင် လက်နက်အင်အား အလွန်အကျွံ အသုံးပြုလာခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း သျှမ်းလူငယ်ကွန်ဂရက် (DYC) က ပြီးခဲ့သည့် မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
.
နဂိုမူလ ကိုးကန့်လူမျိုးများ အများစုနေထိုင်ရာဒေသများကို ကျော်လွန်၍ နယ်မြေချဲ့ထွင်စီမံဆောင်ရွက်နေမှု လမ်းစဉ်များ မှားယွင်းသော စီမံခန့်ခွဲမှုစနစ်များနှင့် လက်နက်ဖြင့် ခြိမ်းခြောက်လုပ်ဆောင်နေမှုများကြောင့် နယ်မြေအတွင်း လူမျိုးရေးပဋိပက္ခများနှင့် ပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်ဟု DYC က ဆိုသည်။
.
သျှမ်းလူငယ်ကွန်ဂရက် (DYC) သည် “ဖက်ဒရယ်စနစ်နှင့် ကိုးကန့်တပ် (MNDAA) ၏ လားရာ” ခေါင်းစဉ်ဖြင့် MNDAA ၏ အုပ်ချုပ်ရေးနှင့် မြေယာသိမ်းဆည်းမှုဆိုင်ရာ ပြဿနာများ၊ လူ့အခွင့်အရေးနှင့် လူမှုစီးပွားဆိုင်ရာ ပြဿနာများကို ထုတ်ပြန်ချက်တွင် အသေးစိတ် ဖော်ပြထားသည်။
.
တော်လှန်ရေးကို အကြောင်းပြုကာ ပြည်သူလူထုကို ဒုက္ခတွင်းသက်ဆင်းစေသည့် လွဲမှားသော လုပ်ရပ်များနှင့် စီမံ ခန့်ခွဲမှုများကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

.

ရှမ်းပြည်နယ်အတွင်း ယင်းကဲ့သို့သော လုပ်ရပ်များ ဆက်လက် လုပ်ဆောင်နေမှုကို MNDAA အနေဖြင့် အမြန်ဆုံး ပြန်လည် သုံးသပ်ပြီး ဒေသခံလူထုနှင့် လိုက်လျောညီထွေ ဖြစ်မည့်၊ တရားမျှတမှု ရှိမည့် ဒီမိုကရေစီစံနှုန်း၊ ဖက်ဒရယ်စံနူန်းများနှင့် ကိုက်ညီသည့် စီမံဆောင်ရွက်မှုများကိုသာ ရှေးရှုလုပ်ဆောင်သွားရန်ဟု သျှမ်းလူငယ်ကွန်ဂရက် (DYC) က တိုက်တွန်းထားသေးသည်။

.

#KBZTai  #Shan  #DYC  #MNDAA

No comments:

Post a Comment

Pages