ကျန်းမာရေးကြောင့် အနားယူရမယ့် LE SSERAFIM ရဲ့ ကင်ချေဝန်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 21, 2026

ကျန်းမာရေးကြောင့် အနားယူရမယ့် LE SSERAFIM ရဲ့ ကင်ချေဝန်း

.

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်

.

တောင်ကိုရီးယားရဲ့နာမည်ကျော် အမျိုးသမီး ကေပေါ့ပ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ LE SSERAFIM ကတော့ သူတို့ရဲ့အဖွဲ့ဝင် ချေဝန်း တစ်ယောက် ကျန်းမာရေးအခြေအနေကြောင့် လာမယ့် အစီအစဉ်တွေကနေ ခဏတာ အနားယူသွားရမှာ ဖြစ်တဲ့အကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

.

.

LE SSERAFIM အဖွဲ့ဝင် ကင်ချေဝန်းရဲ့ကျန်းမာရေးနဲ့ လာမယ့်အစီအစဉ်တွေအကြောင်း အသိပေးချင်ပါ တယ်။ ချေဝန်းက မကြာသေးခင်က လည်ပင်းနာကျင်မှုဖြစ်ခဲ့ပြီး ဆေးရုံမှာ ကုသမှု ခံယူထားရတာပါ။ ဆရာဝန်တွေက အချိန်ကာလတစ်ခုအထိ အနားယူပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာမှု အပေါ် စောင့်ကြည့်ဖို့ အကြံပေးထားပါတယ်။

.

ကျွန်တော်တို့အနေနဲ့ အနုပညာရှင်ရဲ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုကို အမြဲဦးစားပေးထားတာကြောင့် သူမ အနေနဲ့ လုံလောက်တဲ့ အနားယူမှုကို လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

.

ဒါ့ကြောင့် ကင်ချေဝန်း ဟာ ကြေညာထားတဲ့ အစီအစဉ်တွေဖြစ်တဲ့ တက္ကသိုလ်ဖျော်ဖြေရေးပွဲတွေ၊ Spotify Live တွေနဲ့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်နိုင်တော့မှာ မဟုတ်တာကို နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

.

ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ သူမ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ အပြည့်အဝပံ့ပိုးပေးသွားမှာ ဖြစ်တယ်ဆိုတာကိုလည်း အသိပေးချင်ပါတယ်။

.

LE SSERAFIM ကို အမြဲချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေကိုလည်း အထူးကျေးဇူးတင်ပါတယ် လို့ ချေဝန်းရဲ့အေဂျင်စီဖြစ်တဲ့ SOURCE Music ကနေ မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်သွားခဲ့တာပါ။

.

LE SSERAFIM မှာ ချေဝန်းအပါအဝင် အဖွဲ့ဝင် ၅ ယောက်ရှိတာဖြစ်ပြီး ဆာကူရာ၊ ကင်ချေဝန်း၊ ဟွာယွန်းဂျင်၊ ကာဇူဟာနဲ့ ဟောင်အွန်းချယ် တို့ ပါဝင်တာပါ။ လက်ရှိမှာတော့ ချေဝန်း ခဏနားရတော့မှာဖြစ်တာကြောင့် သူတို့ရဲ့ဖျော်ဖြေမှုတွေကို အဖွဲ့ဝင် ၄ ယောက်နဲ့သာ ဆက်ပြီး လုပ်ကိုင်သွားရဖို့ ရှိနေပါတယ်။

.

No comments:

Post a Comment

Pages