လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး စိန်ခေါ်မှုများ ရှိနေကြောင်း သီပေါ လွှတ်တော်ကိုယ်စားလှယ် ပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 21, 2026

လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး စိန်ခေါ်မှုများ ရှိနေကြောင်း သီပေါ လွှတ်တော်ကိုယ်စားလှယ် ပြော

.

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်

.

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်း သွားလာရာတွင် လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး စိန်ခေါ်မှုများ ရှိနေသည်ဟု သီပေါမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောဆိုခဲ့သည်။

.

.

“အဓိက ကတော့ လုံခြုံရေးပါ။ ကျွန်တော်တို့ကို လုံခြုံရေး ပေးပါလို့လည်း မပြောပါဘူး။ တောင်းဆိုခဲ့ရင် လည်း ရနိုင်ဖို့ အခွင့်အလမ်း နည်းပါတယ်။ ဒုတိယ စိန်ခေါ်မှု ဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေးပါ။ သွားလာရတာ ခက်ခဲပါတယ်။ စက်သုံးဆီ ဈေးနှုန်းတွေရယ် နောက်ပြီး ကားရှိရင်တောင် သွားလာဖို့က အခက်အခဲ ရှိပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

၎င်းအနေဖြင့် တိုင်းရင်းသားအမတ် တစ်ဦး ဖြစ်သည့်အတွက် ဒေသတွင်းရှိ အဖွဲ့အစည်းများက နားလည်မှု ရှိမည်ဟု ယုံကြည်ပြီး ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ပြုမှု၊ အန္တရာယ် ပြုမှုမျိုး မကြုံတွေ့ရသေးသော်လည်း စိုးရိမ်မှုများ ရှိနေကြောင်း၊ လူထုအတွက် စိတ်ဆန္ဒဖြင့် ဆောင်ရွက်ပေး နေကြောင်း ပြောသည်။

.

“ဟိုတစ်နေ့က ရုံးကိစ္စ မြေကွက်လေး သွားကြည့်ရင်းနဲ့ မြေမြှုပ်မိုင်း နင်းမိဖို့ နည်းနည်းပဲ လိုတယ်။ လှမ်းတား လိုက်လို့ ကံကောင်းတာပါ။ ကျွန်တော့်ဒေသမှာ ခေါင်းပြားပြားနဲ့ အိပ်နိုင်အောင်၊ ငြိမ်းချမ်းအောင် ကြိုးစား မယ်၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တန်းတူ ရရှိအောင် ဆောင်ရွက်မယ်။ ကျွန်တော့်ဒေသမှာ တိုင်း ရင်းသား အားလုံး ဘယ်သူ့ကိုမှ သာစေ၊ နာစေ မရှိဘဲ တန်းတူညီမျှ အားလုံးကို ဆောင်ရွက်ပေးသွားပါမယ်” ဟု စိုင်းကောင်းသက်စံက ဆိုသည်။

.

စိုင်းကောင်းသက်စံသည် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP-ကျားဖြူပါတီ) ကိုယ်စားပြုအဖြစ် သီပေါမြိုနယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်ပြီး ရှမ်းမြောက်ဒေသတွင် ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၎င်း တစ်ဦးသာ ရှိကြောင်း သိရသည်။

.

သီပေါမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အစိုးရစစ် ကြောင်းများက သီပေါမြို့ကို ပြန်လည် ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

.

လက်ရှိတွင် သီပေါမြို့ပေါ်၌ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသော်လည်း အနီးဝန်းကျင် ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တည်ရှိနေဆဲ ဖြစ်ပြီး ယခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် သီပေါမြို့နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ ခုကို သမ္မတရုံးက အရေးပေါ်အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ထားသည်။

.

No comments:

Post a Comment

Pages