တာချီလိတ်မြို့နယ်အတွင်းရှိ ရွှေသတ္တုအသေးစားလုပ်ကွက်များအား ပြည်နယ်ဝန်ကြီး ကွင်းဆင်းစစ်ဆေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 2, 2026

တာချီလိတ်မြို့နယ်အတွင်းရှိ ရွှေသတ္တုအသေးစားလုပ်ကွက်များအား ပြည်နယ်ဝန်ကြီး ကွင်းဆင်းစစ်ဆေး


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ ရွှေသတ္တု အသေးစားလုပ်ကွက်များနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ ဇွန်လ ၁ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး စိုင်းဝမ်းလှိုင်းတစ်ပ် နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

.
ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးက တာချီလိတ်မြို့နယ်၊ ဟောင်လိတ် (အမြဲတမ်း)ပျိုးဥယျာဉ်အတွင်း သစ်မျိုးစုံ ပျိုးပင်ပေါင်း ၅၂၈၀၀ ပင် ပျိုးထောင်ထားရှိမှု၊ ပျိုးပင်များ ရှင်သန်ကြီးထွားမှုအခြေအနေများနှင့် ပျိုးဥယျာဉ်စီမံခန့်ခွဲဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
.



ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် နေသည့် တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု အတွင်းရှိ ရွှေသတ္တုအသေးစား လုပ်ကွက် ၂၀ ကွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးသည် သစ်တောဦးစီးဌာနမှ ပါဟုတ်ကြိုးပြင်၌ ၂/၂၀၂၆ ခုနှစ် မိုးရာသီတွင် တည်ထောင်မည့် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၁၀ ဧက စိုက်ပျိုး ထားရှိမှု အခြေအနေများနှင့် စိုက်ပျိုး ပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှု တိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။
.
#KBZTai #Shan #Tachileik

No comments:

Post a Comment

Pages