ရှမ်းနှင့်ကရင် ဗိုလ်လုပွဲကို တောင်ကြီးမြို့မဈေးရှိ LED Board တွင် တိုက်ရိုက်ပြမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 2, 2026

ရှမ်းနှင့်ကရင် ဗိုလ်လုပွဲကို တောင်ကြီးမြို့မဈေးရှိ LED Board တွင် တိုက်ရိုက်ပြမည်


တိုင်းနဲ့ပြည်နယ် အမျိုးသား ယူ (၁၈) ဘောလုံးပြိုင်ပွဲဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ရဲ့ ဗိုလ်လုပွဲကို တောင်ကြီးမြို့၊ မြို့မဈေးမှာ ရှိတဲ့ LED Board မှာ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမှာ ဖြစ်တဲ့အကြောင်း ရှမ်းပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

.
ဒီနေ့ (ဇွန်လ ၂ ရက်) ညနေ ၄ နာရီမှာ ကစားကြမယ့် ရှမ်းနဲ့ ကချင်တို့ရဲ့ ဗိုလ်လုပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏ ဘောလုံးကွင်းမှာ ပြုလုပ်မှာ ဖြစ်ပြီး တောင်ကြီးက အားပေးချင်တဲ့ ပရိသတ်တွေကို Express ကား ၂ စီးနဲ့ အခမဲ့ ခေါ်ဆောင်သွားတာမျိုးကိုလည်း ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်က ပြုလုပ်ပေးခဲ့တာပါ။
.
ဒါ့အပြင် သုဝဏ္ဏကွင်းမှာ လာရောက်အားပေးမယ့် ရှမ်းပြည်နယ်အသင်းပရိသတ်တွေကို ရှမ်းအသင်းရဲ့ဂျာစီ တစ်ထည်စီကို လက်ဆောင်ပေးမယ့် အစီအစဉ်လည်း ရှိနေပါသေးတယ်။ ဒီပွဲစဉ်ကို ပွဲအတွင်း သွားရောက် မကြည့်ရှုနိုင်တဲ့ ပရိသတ်တွေအတွက် တောင်ကြီးမြို့ မြို့မဈေးက LED Board ကြီးမှာ တိုက်ရိုက်ပြသ ပေးသွားမှာ ဖြစ်ပါတယ်။

.
ဆီမီးဖိုင်နယ်အဆင့်မှာ ကချင်ကို ၄ ဂိုးသွင်းပြီး နိုင်ခဲ့တဲ့ ရှမ်းနဲ့ ဧရာဝတီကို ၄ ဂိုးသွင်းပြီး နိုင်ခဲ့တဲ့ ကရင်ပြည်နယ်အသင်းတို့ရဲ့ ပွဲစဉ်ဖြစ်တာမို့ သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရလိမ့်မယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြတာပါ။
.

လာမယ့် ကမ္ဘာ့ဖလား ပွဲစဉ်တွေကိုပါ ယခုလို ပြသပေးသွားဖို့ တောင်းဆိုနေကြတဲ့ ဒေသခံတွေရဲ့ မှတ်ချက်တွေကိုလည်း တွေ့မြင်နေရပါတယ်။ မြို့မဈေးက LED ထက်၊ စူဠာမုနိဘက်က LED က ပို အဆင်ပြေနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

.
#KBZTai #Shan #U18 #Football

No comments:

Post a Comment

Pages