.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
.
ကလောမြို့နယ်၊ ဝက်ဖြူရေအုပ်စု၊ ရေယားကျေးရွာတွင်
ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်၊ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား
၂၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်တပ်ဖွဲ့စု (တောင်ကြီး) မှ တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ပိန္နဲပင်ရွာသွားလမ်းတွင်
စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ပိန္နဲပင်ရွာဘက်မှ ရေယားကျေးရွာ
ပြည်ထောင်စုလမ်းမကြီးဘက်သို့ လမ်းလျှောက်လာသည့် ယင်းအမျိုးသားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဖမ်းဆီးရမိသူမှာ ရေယားကျေးရွာနေ အသက် ၅၂
နှစ်အရွယ် ကိုကျော်စိုး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်း ဝတ်ဆင်ထားသည့်
ပုဆိုးခါးပုံစအတွင်းမှ အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အလေးချိန် ၁၈
ဂရမ်ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ
ဖမ်းဆီးရမိသူ ကိုကျော်စိုးအား ကလောမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရေး
ဆောင်ရွက်လျက် ရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment