သစ်ပင်ချစ်သူများအဖွဲ့က အရှေ့ဘက်တောင်ကြောပေါ်တွင် သစ်စေ့များ ကြဲဖြန့် စိုက်ပျိုးမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 10, 2026

သစ်ပင်ချစ်သူများအဖွဲ့က အရှေ့ဘက်တောင်ကြောပေါ်တွင် သစ်စေ့များ ကြဲဖြန့် စိုက်ပျိုးမည်



တောင်ကြီးမြို့၊ အရှေ့ဘက်တောင်ကြောပေါ်တွင် လာမည့် ဇွန်လ ၁၄ ရက်၌ သစ်ပင်ချစ်သူများအဖွဲ့ တောင်ကြီးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ စုပေါင်းကာ သစ်စေ့များ ကြဲဖြန့် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
.
“Volunteer တွေတော့ ပါ ပါတယ်။ တချို့ကလည်း အဆင်ပြေတဲ့အချိန် လာပေါင်းမယ်လို့ ပြောထားတာပေါ့။ သစ်တောဌာနကိုလည်း ပြောထားပါတယ်။ Seed Ball အလုံးတော့ မလုပ်ထားဘူး။ မျိုးစေ့အတိုင်းပဲ ကြဲမှာပါ။ Seed Ball က အပင် ပေါက်ဖို့ ခဲယဉ်းတယ်။ သေသွားတာလည်း များတယ်။ အဲဒါကြောင့် မျိုးစေ့ အတိုင်းပဲ ကြဲမှာပါ” ဟု သစ်ပင်ချစ်သူများအဖွဲ့ တောင်ကြီးမှ တာဝန်ရှိသူက ပြောသည်။
.
ထိုသို့ မျိုးစေ့ချ စိုက်ပျိုးရာတွင် ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ငုစပ်ချယ်ရီနှင့် မာတာကွတ် အပြင် အခြား မျိုးများကို စိုက်ပျိုးသွားမည်ဖြစ်ပြီး တောင်ကြီးမြို့၏ သင်္ကေတဖြစ်သော ချယ်ရီပင် မျိုးစေ့များကို အများဆုံး စိုက်ပျိုးသွားမည်ဖြစ်ကာ ပျိုးပင်များကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
.
လူမရောက်တဲ့နေရာ၊ လူမသွားနိုင်တဲ့ နေရာတော့ မျိုးစေ့ကြဲမယ်။ ကျန်တဲ့နေရာတော့ အပင်တွေ စိုက်သွား မှာပါ။ စိုက်ဖို့ကတော့ အပင် ၁၀၀ လောက် ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
သစ်ပင်ချစ်သူများအဖွဲ့-တောင်ကြီးအနေဖြင့် ၂၀၁၅ ခုနှစ်ကတည်းက သစ်ပင်စိုက်ပျိုးရေး၊ မြေအောက်ရေ ရရှိရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများတွင် အခြားသော အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး တောင်ကြီးမြို့ပေါ် အပြင် အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများတွင် လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages