တောင်ကြီး-အေးသာယာ အတက်အဆင်းလမ်းတစ်လျှောက် လမ်းချော်မှုများ မကြာခဏ ဖြစ်ပွားနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, June 9, 2026

တောင်ကြီး-အေးသာယာ အတက်အဆင်းလမ်းတစ်လျှောက် လမ်းချော်မှုများ မကြာခဏ ဖြစ်ပွားနေ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်

.

တောင်ကြီးမြို့နှင့် အေးသာယာမြို့ကို ဆက်သွယ်ပေးထာသည့် ကရင်မ ရေထွက်လမ်းဆုံမှ ထုံဖိုလမ်းဆုံအထိ တောင်အတက်အဆင်း လမ်းတစ်လျှောက်တွင် မိုးရာသီကာလ၌ လမ်းချော်မှုများနှင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ယာဉ်မောင်းနှင်သူများ အနေဖြင့် သတိပြု‌ မောင်းနှင်ရန် လိုအပ်နေ ကြောင်း သိရသည်။

.


.

ဇွန်လဆန်းပိုင်းမှ စတင်၍ တောင်ကြီးမြို့ပေါ်တွင် နေစဉ်လိုလို မိုးရွာသွန်းမှုများ ရှိနေပြီး တစ်ခါတစ်ရံ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ စီဆင်းကာ တောင်ကြီးအတက်အဆင်းလမ်း တစ်လျှောက်တွင် လမ်းချော်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

“အတက် အဆင်းလမ်းက မိုးရွာချိန်ဆိုရင် သတိထားပြီး မောင်းမှရတယ်။ ကားကြီးတွေလည်း သွားနေတော့ ဆီကွက်တွေဖြစ်နေရင် လမ်းချော်ပြီး စလစ်ဖြစ်တာမျိုးတွေ ရှိတာပေါ့။ အဆင်းလမ်းဆိုရင် ပိုပြီးသတိထားဖို့ လိုပါတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့၊ ကရင်မရေထွက်လမ်းဆုံမှ အေးသာယာမြို့၊ ထုံးဖိုလမ်းဆုံအထိ ဆက်သွယ်ထားသည့် အဆိုပါ တောင်ကြီး အတက်အဆင်းလမ်းသည် လမ်းပိုင်း ကောင်းမွန်သော်လည်း အချို့နေရာများတွက် အတက် အဆင်း ရှည်သည့်အတွက် ယာဉ်ကြံ့ခိုင်မှု အားနည်းပါက မလိုလားအပ်သည့် အန္တရာယ်များ ဖြစ်ပေါ်နိုင်ပြီး ယာဉ်ကြံ့ခိုင်မှုကိုလည်းစစ် ဆေးရန်လိုအပ်ကြောင်း ယာဉ်မောင်းများက ပြောဆိုကြသည်။

.

“မိုးတွင်းဆိုတော့ ကားဝိုက်ဘာ (ရေသုတ်တံ)ကအစ ဂရုစိုက်ဖို့လိုတယ်။ နောက်ပြီး ကားငယ် အော်တိုဂီယာ တွေ မောင်းတဲ့အချိန်ဆိုရင် အတက်အဆင်းများတဲ့ နေရာတွေ၊ လမ်းချော်တဲ့နေရာတွေမှာ D (Drive) ဂီယာ တစ်လုံးတည်းနဲ့ မောင်းရင် အန္တရာယ်များပါတယ်။ လမ်းအခြေအနေပေါ်ကြည့်ပြီး သင့်တော်တဲ့ ဂီယာ ချိန်းပြီး မောင်းဖို့လိုအပ်ပါတယ်” ဟု အခြား ယာဉ်မောင်းတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောသည်။

.

တောင်ကြီးမြို့နှင့်အေးသာယာမြို့ကိုဆက်သွယ် ထားသည့်လမ်းကြောင်း ၃ ခုရှိပြီးတောင်ကြီးမြို့ တောင် ဘက်ရှိ မြို့ရှောင်လမ်းမှာ ဆိုးရွားစွာပျက်စီးနေခြင်းနှင့် ကရင်မရေထွက်လမ်းဆုံမှ ပလီလင်းဂိတ် ဆက်သွယ် ထားသည့် မြို့ရှောင်လမ်းမှာလည်း အတက်အဆင်းအဆင်း မတ်စောက်ခြင်းတို့ကြောင့် ကရင်မရေထွက် လမ်းဆုံမှ ထုံးဖိုဂိတ်လမ်းဆုံသို့ ဆက်သွယ်ထားသည့် အဓိက အတက်အဆင်းလမ်းကိုသာ အများဆုံး အသုံးပြုနေကြကြောင်း သိရသည်။

.

No comments:

Post a Comment

Pages