ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်တိုးဦးမယ့် EU - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 9, 2026

ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်တိုးဦးမယ့် EU

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်

.

ဥရောပယူနီယံ (EU) က ရုရှားရဲ့ စစ်ရေးချိုးဖောက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ထပ်တိုးဖို့ စဉ်းစားထားပြီး ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံကနေ ၁ ဒသမ ၅ ထရီလီယံ လောက်အထိ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာပါ။

.

.

EU ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ခါဂျာကဲလက်စ်က ဇွန်လ ၉ ရက်၊ ဆိုက်ပရပ်စ်မှာ ပြုလုပ်ခဲ့တဲ့ EU ကာကွယ်ရေးဝန်ကြီးတွေရဲ့ လွှတ်တော်အစည်းအဝေးအပြီးမှာ ယူကရိန်းစစ်ပွဲအပေါ် ရုရှားကို ထောက်ပံ့ နေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် ၈၀ လောက်ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်မယ့်အကြောင်း အသိပေး လိုက်တာဖြစ်ပါတယ်။

.

EU ရဲ့အသစ်ထပ်တိုးမယ့် စာရင်းမှာ ရုရှားရဲ့ စစ်လက်နက် ထုတ်လုပ်ရေးကဏ္ဍ တွေမှာ ပါဝင်ပတ်သက် နေသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်နေသူတွေနဲ့ ရုရှားအစိုးရကို ထောက်ခံပြီး ဝါဒဖြန့်နေသူတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

.

လက်ရှိမှာ ဥရောပနိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကြောင့် ရုရှားအနေနဲ့ ဒေါ်လာ ၁ ထရီလီယံလောက် ဆုံးရှုံးနေပြီး ဖြစ်တဲ့အကြောင်းနဲ့ ရုရှားရဲ့စီးပွားရေးအုတ်မြစ်တွေကို တစ်ခုချင်း ချေဖျက်နေတဲ့အကြောင်း ကဲလက်စ်က ဆိုပါတယ်။

.

တစ်ဖက်မှာလည်း အမေရိကန်က EU နဲ့မတူတဲ့ လမ်းကြောင်းတစ်ခုကို လျှောက်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေပြီး EU က ရုရှားအပေါ် ပိတ်ဆို့မှာတွေ လုပ်နေချိန်မှာ အမေရိကန်ကတော့ ရုရှားရဲ့ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဝယ်ယူနေတဲ့နိုင်ငံတွေအပေါ် သက်တမ်းတိုးပေးခဲ့တာမို့ အမေရိကန်ရဲ့ လုပ်ဆောင်မှုတွေအပေါ် EU က မေးခွန်းထုတ်နေတာလည်းဖြစ်ပါတယ်။

.

ပြီးခဲ့တဲ့မတ်လအတွင်းမှာ EU က ရုရှားနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းပေါင်း ၂၆၀၀ လောက်ကို ခရီးသွားလာခွင့်ပိတ်ဆို့ခြင်းနဲ့ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပေမဲ့လည်း အမေရိကန်ဖက်က ပါဝင်ပတ်သက်မှု မရှိသလောက် ဖြစ်နေတာကြောင့် EU တာဝန်ရှိသူတွေက အမေရိကန် ရဲ့ လှုပ်ရှားမှုတွေကို မေးခွန်းထုတ်နေကြတာပါ။

.

EU ကနေ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်တဲ့ ကြေညာချက်တွေ ထွက်လာနေတဲ့တချိန်တည်းမှာပဲ ရုရှားရဲ့ တိုက်ခိုက်မှုတွေက ဇာပိုရစ်ဟီးယားဒေသမှာ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ရသလို ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages