၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့ ဇွန်လ ၈ ရက်
ညနေပိုင်းက ရွှေဆိုင်ပိုင်ရှင် လင်မယား ၂ ဦး ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
မူဆယ်မြို့မဈေးကြီးတွင် ရွှေဆိုင် ဖွင့်လှစ်ထားသူ ဇနီးမောင်နှံ နှစ်ဦးသည်
ယမန်နေ့ ဇွန်လ ၈ ရက်၊ ညနေ ၄ နာရီခန့်က ဆိုင်ပိတ်ပြီး ဆိုင်ကယ်ဖြင့် နေအိမ်သို့
ပြန်လာစဉ် ကောင်းခါးရပ်ကွက် လမ်းကြားတစ်ခု အတွင်း အရောက်တွင် အဖြူရောင် မော်တော်ယာဉ်
တစ်စီးက ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကားဖြင့် အတိုက် ခံရမှုကြောင့် ဆိုင်ကယ် လဲကျသွားတဲ့အချိန်တွင်
လက်နက် ကိုင်ဆောင်ထားသူများက ကားပေါ်မှ ဆင်းလာပြီးနောက် သေနတ်ဖြင့် ချိန်ရွယ်ကာ ရွှေနှင့် ငွေသား ထည့်ထားသည့် အိတ်ကို လုယူ ထွက်ပြေးသွားခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် အဖြူရောင်ကားကို
မူဆယ်မြို့ စက်မှုဇုန်အနီး လမ်းဘေး တစ်နေရာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
.
လုယက်ခံရသည့် ရွှေနှင့် ငွေကြေးပမာဏ အတိအကျကို မသိရှိရသေးဘဲ မူဆယ်မြို့တွင်
လုယက်မှု၊ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Muse
.
Vedio
- Credit
.
Link
- https://shorturl.at/Uh7F3
No comments:
Post a Comment