.
၂၀၂၆ခုနှစ်၊ ဇွန်လ ၁၁ ရက်
.
ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းကတော့
ရာသီသစ်အတွက် ဒုတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် မြဝတီအမျိုးသမီးအသင်း
တိုက်စစ်မှူး ဝင်းသူဇာအောင် ကို ခေါ်ယူအားဖြည့်လိုက်ပါတယ်။
.
.မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ဇာတိဖြစ်တဲ့
ဝင်းသူဇာအောင်က အသက် ၁၉ နှစ်သာ ရှိသေးပြီး တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့
ကစားသမားပါ။
.
၂၀၂၄ ခုနှစ်က စလို့ မြဝတီအသင်းအတွက်
ကစားပေးခဲ့သူဖြစ်ပြီး ၂ ရာသီကြာ ကာလအတွင်းမှာ အသင်း အတွက် အရေးပါတဲ့ ကစားသမား
ဖြစ်လာခဲ့သူပါ။
.
ဒါ့အပြင် AFC အမျိုးသမီးချန်ပီယံလိဂ်ပွဲမှာလည်း
မြဝတီအသင်းနဲ့အတူ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ အတွေ့အကြုံကောင်း တွေကိုလည်း
ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။
.
အဆုံးသတ်ပိုင်း ကောင်းမွန်မှု၊ အမြန်နှုန်းနဲ့ ကစားနိုင်မှုတွေကြောင့်
အလားအလာရှိတဲ့ လူငယ်တိုက်စစ် ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့
ဝင်းသူဇာအောင်က လာမယ့် ၂၀၂၆-၂၇ မြန်မာနေရှင်နယ်လိဂ် အမျိုးသမီး ဘောလုံးရာသီမှာ
ရှမ်းယူနိုက်တက်အသင်းနဲ့ ပူးပေါင်းပြီပဲဖြစ်ပါတယ်။
.
ရှမ်းယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ခြင်းနဲ့ ပတ်သက်ပြီး
ဝင်းသူဇာအောင်က “ကျွန်တော့်ကို ယုံယုံ ကြည်ကြည်နဲ့ ခေါ်ယူပေးတဲ့
ရှမ်းယူနိုက်တက် အမျိုးသမီးအသင်း တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။
အတွေ့အကြုံကောင်းတွေကို သင်ပြပေးမယ့် နည်းပြအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။
ရှမ်းယူနိုက်တက်က ပရိသတ်အား ရှိပြီးသားအသင်း ဖြစ်တာကြောင့် အမျိုးသမီးအသင်းကိုလည်း
ဆက်လက် အားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
.
ရှမ်းယူနိုက်တက်အသင်းအတွက်တော့ ဝင်းသူဇာအောင်က
ရာသီသစ်မတိုင်မီ ဒုတိယမြောက်ခေါ်ယူထားတဲ့ ကစားသမားသစ်ဖြစ်ခဲ့ပြီး သူ့ရဲ့အရှေ့မှာ
ရန်ကုန်စီးတီး အမျိုးသမီးအသင်းရဲ့ကွင်းလယ်လူ မေသင်ဇာ ကို ရှမ်းယူနိုက်တက်တို့
ခေါ်ယူအားဖြည့် ထားခဲ့ပါသေးတယ်။
.

No comments:
Post a Comment