.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ
ထုံးဖိုစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ဇွန်လ ၁၀ ရက်က တရားမဝင် အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ်
၉ စီးအား သယ်ဆောင်လာသူ ယာဉ်မောင်း အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
.အေးသာယာမြို့၊ ထုံးဖိုစစ်ဆေးရေးဂိတ်တွင် ယမန်နေ့
ဇွန်လ ၁၀ ရက်က စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် မိတ္ထီလာမြို့မှ တောင်ကြီးမြို့သို့
မောင်းနှင်လာသည့် CANTER အမျိုးအစား ၆ ဘီးယာဉ် တစ်စီးပေါ်၌ ခွင့်ပြုချက်
တစ်စုံတစ်ရာ မပါဘဲ သယ်ဆောင်လာသော ယိုးဒယားဆိုင်ကယ် ၉ စီးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
“ထုံးဖိုဂိတ်မှာ ဖမ်းမိတာပါ။ မိတ္ထီလာကနေ သယ်လာတာလို့
သိရပါတယ်။ တစ်စီးချင်း သယ်လာပြီးမှ မိတ္ထီလာ ရောက်မှ စပြီး တင်လာတာပါ။ ယာဉ်မောင်းတစ်ဦးတည်းပါ။
ပို့/သွင်း ၈ နဲ့ အမှုဖွင့်ထားပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ် ၉ စီးအား
သယ်ဆောင်လာသူ ယာဉ်မောင်းအမျိုးသားကို အေးသာယာနယ်မြေရဲစခန်းတွင် ပို့ကုန်/သွင်းကုန်
ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.

No comments:
Post a Comment