.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်
.
ကမ္ဘာ့အပူချိန် မြင့်တက်စေတဲ့
သဘာဝရာသီဥတုပုံစံတစ်မျိုးဖြစ်တဲ့ အယ်လ်နီညိုဖြစ်စဉ်က တရားဝင် စတင်နေပြီ ဆိုတဲ့အကြောင်း
အမေရိကန်သိပ္ပံပညာရှင်တွေက ကြေညာလိုက်ပါတယ်။
.
.အမေရိကန်အမျိုးသား သမုဒ္ဒရာနဲ့
လေထုစီမံခန့်ခွဲရေးဌာန (NOAA) က အပူပိုင်းပစိဖိတ်ဒေသမှာ
အယ်လ်နီညို အခြေအနေတွေ စတင်ဖြစ်ပေါ်နေပြီ ဆိုတဲ့အကြောင်း ထုတ်ပြန်လိုက်ပြီး
ပြီးခဲ့တဲ့လတွေထဲမှာ ပင်လယ်မျက်နှာပြင်အပူချိန်တွေက သိသိသာသာ မြင့်တက်လာခဲ့တာပါ။
.
ခန့်မှန်းချက်တွေအရ လက်ရှိဖြစ်ပေါ်စပြုနေတဲ့
အယ်လ်နီညို ဟာ စူပါအယ်လ်နီညို လို့ခေါ်ရမယ့် အဆင့် အထိ ရောက်ရှိလာပြီး
အပြင်းထန်ဆုံး မှတ်တမ်းဝင်မယ့် အယ်လ်နီညိုတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ သိရတာပါ။
.
၂၀၂၇ ခုနှစ်ထဲမှာ အပူချိန်စံချိန်သစ်တွေ
ထပ်မံဖြစ်လာဖို့ရှိနေပြီး ရာသီဥတု၊ အစားအစာနဲ့ စီးပွားရေးလုပ်ငန်း တွေအပေါ်
အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာမယ် လို့လည်း ကျွမ်းကျင်သူတွေက သတိပေးထား ပါတယ်။
.
၂၀၂၆ ခုနှစ်အစောပိုင်းမှာဖြစ်ခဲ့တဲ့
အအေးလွန်ကဲမှုဖြစ်စဉ် လာနီညာ ပြီးသွားခဲ့တဲ့နောက် အယ်လ်နီညို ပြန်လည် ဖြစ်ပေါ်လာလိမ့်မယ်လို့
မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားခဲ့ကြတာပါ။ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့အပူပိုင်းဒေသမှာရှိတဲ့
ပင်လယ်မျက်နှာပြင်အပူချိန်က ပျမ်းမျှထက် ၀ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်
ကျော်လွန်လာပြီဖြစ်ပြီး ဒီအချက်က အယ်လ်နီညို လို့ သတ်မှတ်လို့ရတဲ့ စံနှုန်းကို ရောက်လာ
ခဲ့တာပါ။
.
NOAA ရဲ့စောင့်ကြည့်မှုတွေအရ ပစိဖိတ် အီကွေတာ
ဒေသပေါ်မှာဖြစ်ပေါ်နေတဲ့ လေတိုက်နှုန်းနဲ့ လေစီးကြောင်းတွေက စတင်ပြောင်းလဲလာနေပြီး
လေထုစနစ်က ပင်လယ်ရေအပူချိန်မြင့်တက်မှုကို တုံ့ပြန်လာနေပြီဖြစ်တဲ့အကြောင်း
တွေ့ရှိနေရတာပါ။
.
အယ်လ်နီညိုရဲ့ပြင်းထန်နိုင်မှုကို
သတ်မှတ်မှုတွေအရတော့ ပျမ်းမျှထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် ကျော်လွန်ရင်
“ပြင်းထန်တဲ့အယ်လ်နီညို” လို့ခေါ်ဆိုနိုင်ပြီး ၂ ဒီဂရီကျော်လွန်မယ်ဆိုရင်တော့
“အလွန် ပြင်းထန်တဲ့ အယ်လ်နီညို”အဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။
.
NOAA ရဲ့ခန့်မှန်းချက်တွေအရတော့ လာမယ့်
နိုဝင်ဘာကနေ ဇန်နဝါရီလအတွင်းမှာ အလွန်ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်လာနိုင်ချေက ၆၃
ရာခိုင်နှုန်းရှိနေပြီး ၁၉၅၀ နောက်ပိုင်းမှာ မှတ်တမ်းဝင်မယ့် အကြီးမားဆုံး
အယ်လ်နီညိုစာရင်းမှာ ပါဝင်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။
.
အမေရိကန်နဲ့ ဥရောပ
မိုးလေဝသဌာနတွေရဲ့ခန့်မှန်းချက်တွေမှာတော့ အပူပိုင်းပစိဖိတ်ဒေသရဲ့ ပင်လယ်ပြင် မျက်နှာပြင်အပူချိန်က
ဒီနှစ်ကုန်ပိုင်းမှာ ပျမ်းမျှထက် ၃ ဒီဂရီဆဲလ်စီးယပ် ကျော်သွားနိုင်တာမို့
အပြင်းထန်ဆုံး အယ်လ်နီညိုအဖြစ်လည်း ရောက်ရှိလာနိုင်တာပါ။
.
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဟာ အယ်လ်နီညိုကြောင့်
ကမ္ဘာ့သမိုင်းတစ်လျောက် အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် မှာတော့
တတိယအပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၆ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၇
ခုနှစ်တွေမှာ အပူချိန် က ပြီးခဲ့တဲ့နှစ်စံချိန်တွေကို ကျော်ဖြတ်သွားဖို့ရှိနေပြီး
ပီရူးနိုင်ငံမြောက်ပိုင်းနဲ့ အီကွေဒေါနိုင်ငံတောင်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ
ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးချက်တွေလည်း ရှိနေပါတယ်။
.
ဒါ့အပြင် အရှေ့အာဖရိက၊ အလယ်အာရှနဲ့
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဒေသတွေအထိ အယ်လ်နီညို ဖြစ်စဉ်က
သက်ရောက်လာနိုင်ပြီး ဩစတြေးလျ၊ အင်ဒိုနီးရှားနဲ့ တောင်အမေရိက
မြောက်ပိုင်းဒေသတွေမှာ မိုးခေါင်ခြင်းနဲ့တောမီးလောင်ခြင်းတွေ
ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးမှု တွေလည်း ရှိနေပါတယ်။
.
နှစ်စဉ်မိုးခေါင်တဲ့
ဒေသတွေမှာတော့အယ်လ်နီညိုကြောင့် ပိုဆိုးတဲ့အခြေအနေတွေ ဖြစ်လာဖို့ရှိနေပြီး
အပူချိန်မြင့်တက်လာမှုကို သိသိသာသာ ခံရဖို့ရှိနေတာပါ။
.
Source – BBC
.

No comments:
Post a Comment