.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်ခေးခရိုင်၊ မောက်မယ်မြို့နယ်တွင်
ယမန်နေ့ ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းက ပြည်နယ်ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်ထားသော မျိုးစေ့ထုတ်စိုက်ခင်းနှင့်
စံပြကွက်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မျိုးစေ့နှင့် မြေဩဇာများ
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊
စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ခွန်သန်းထူးနှင့် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေတို့သည် ယမန်နေ့ ဇွန်လ ၁၄ ရက်၊ နံနက်
ပိုင်းက မောက်မယ်မြို့ရှိ ပဲပုပ်စိုက် တောင်သူများအား မျိုးစေ့နှင့် မြေဩဇာမျာ ထောက်ပံ့ပေးအပ်ခဲ့ပြီး
မိုးပဲပုပ် မျိုးသန့်ပွား စံပြစိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည်
မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော VDP ကျေးရွာကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
တွေ့ဆုံပွဲတွင် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊
စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ခွန်သန်းထူးနှင့် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေတို့က
အမှာစကားအသီးသီးပြောကြားပြီး တက်ရောက်လာသော ပြည်နယ်/ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊
မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦးတို့က
လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ မီးရရှိရေး စသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ
ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၏ တင်ပြမှု အပေါ်
ပေါင်းစပ်ညှိနှိုင်းဖြည့်စွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊
စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ခွန်သန်းထူးက ဟိုနမ့်ကျေးရွာအုပ်စု၊
နောင်ပိုကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေဖြစ်သည့်ငွေ
ကျပ်သိန်း ၁၅၀ နှင့်အားကစားပစ္စည်းများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဦးလင်းအောင်ဆွေက ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း
(VDP) ရန်ပုံငွေဖြစ်သည့် ငွေကျပ်သိန်း ၁၅၀ နှင့်
အားကစားပစ္စည်းများကိုလည်းကောင်း အသီးသီး ပေးအပ် ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးများသည် မောက်မယ်-ဝမ်ဟတ်-လင်းခေးလမ်းပေါ်ရှိ
တံတားအထူးအဖွဲ့ (၁၂) မှတာဝန်ယူ တည်ဆောက်နေသော ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ၂၄၀
ပေ (ကျောင်းခုံ) တံတားနှင့် ပေ ၇၀ x ပေ ၃၀ နှစ်ထပ်ကျောင်းဆောင်
တည်ဆောက်နိုင်ရေး အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) စျေးတန်း၏ မြေနေရာအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
.

No comments:
Post a Comment