၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို
ဒီနေ့ ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့ရာမှာ ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်ကျော်ညွန့်က
“ရှမ်းပြည်နယ် အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို
ဒေသတွင်း အထူးအခွန်နှုန်းထား သို့မဟုတ် မှတ်ပုံတင် သတ်မှတ်ချက် တစ်ခုခုဖြင့် သတ်မှတ်ကာလ
တစ်ခုအတွင်း တရားဝင်လိုင်စင် ပြုလုပ်ပေးရေး ရှမ်းပြည်နယ်အစိုးရ အနေဖြင့် မည်ကဲ့သို့
စီမံ ဆောင်ရွက်ပေးမည်” နှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်ဝန်ကြီးက လိုင်စင်မဲ့ယာဉ်များအား မှတ်ပုံတင်ပေး၍ မရကြောင်းနှင့် ပြည်ထောင်စု
ကုန်သွယ်မှု မူဝါဒ ကောင်စီရဲ့ ခွင့်ပြုချက်အမိန့် ညွှန်ကြားချက်နှင့် အညီ ရှမ်းပြည်နယ်အစိုးရ
အနေနဲ့ လိုက်နာဆောင်ရွက်ချက် ရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
.
ယင်းကဲ့သို့
မေးမြန်းခြင်း/ဖြေဆိုခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်၊ ဖြစ်စေလိုသော ဆန္ဒ၊ ရှေ့ဆက် ဆောင်ရွက်မည့်
အခြေအနေတို့ကို ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်ကို တွေ့ဆုံ မေးမြန်းထားခြင်း
ဖြစ်ပါတယ်။
.
#KBZTai
#Shan #Broadcasting #Hluttaw
.
Link
- https://youtu.be/kikbvc7PhNI
No comments:
Post a Comment