အခွီတစ်လိုင်းနဲ့အတူ ပရိသတ်တွေဆီ ပြန်ရောက်လာဦးမယ့် လီကွမ်ဆူ တို့ရဲ့ GBRB - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, June 9, 2026

အခွီတစ်လိုင်းနဲ့အတူ ပရိသတ်တွေဆီ ပြန်ရောက်လာဦးမယ့် လီကွမ်ဆူ တို့ရဲ့ GBRB

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်

.

ပဲစိမ်းပဲနီ ဆိုတဲ့ GBRB စိုက်ပျိုးရေးရှိုးကတော့ သူတို့ရဲ့အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဝူဘင်း၊ ကွမ်ဆူ၊ D.O တို့နဲ့အတူ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာပြန်ပါပြီ။

.



.

၂၀၂၃ ခုနှစ်မှာ နာမည်ကြီးသရုပ်ဆောင် ၄ ယောက်နဲ့အတူ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကြတဲ့အကြောင်း ရိုက်ကူးခဲ့တဲ့ GBRB က အပိုင်း ၉ ပိုင်းထွက်ရှိခဲ့ပြီး အဲဒီတုန်းက ကင်ကီဘန်း၊ ဝူဘင်း၊ကွမ်ဆူနဲ့ D.O တို့ ပါဝင်ခဲ့ ကြတာပါ။

.

၂၀၂၆ ဇွန်လထဲမှာ ထွက်လာမယ့် GBRB မှာတော့ ကင်ကီဘန်း ပါဝင်လာခြင်းမရှိတော့ဘဲ ကွမ်ဆူ တို့ ၃ ယောက်တည်းသာ ပါဝင်လာတော့မှာပါ။

.

ရှိုးနဲ့ပတ်သက်ပြီး အသစ်ထွက်လာတဲ့ ကြော်ငြာဗီဒီယိုမှာတော့ ထုတ်လုပ်ရေးအဖွဲ့က ကွမ်ဆူတို့အဖွဲ့ကို စိန်ခေါ်မှုအသစ်တွေ ပေးထားခဲ့ပြီး တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းတွေကို လုပ်ကိုင်ရမယ့် ညွှန်ကြားချက်ကို ပေးထားတာပါ။

.

ပြီးခဲ့တဲ့အစီအစဉ်တွေမှာ GBRB အဖွဲ့ဝင်တွေအနေနဲ့ စိုက်ပျိုးရေးတွေ၊ စားသောက်ဆိုင်ဖွင့်တာတွေအပြင် နိုင်ငံခြားမှာ သင်တန်းသွားတက်တာတွေပါ လုပ်ခဲ့ရပေမယ့် ဒီအစီအစဉ်သစ်မှာတော့ ၃ ယောက်သားက မွေးမြူရေးလုပ်ငန်းတွေ လုပ်ရတော့မှာပါ။

.

ရိုက်ကူးရေးကို ဂျယ်ဂျုကျွန်းမှာ ပြုလုပ်ရမှာဖြစ်ပြီး နို့စားနွားတွေနဲ့ မြင်းတွေကို ပြုစုစောင့်ရှောက်ရမယ့် အတွေ့အကြုံကို ၃ ယောက်သား ခံစားကြရမှာဖြစ်ပါတယ်။

.

မနက်မိုးလင်းကတည်းက မိုးချုပ်အထိ တရစပ်အလုပ်လုပ်ရတာတွေ၊ တိရစ္ဆာန်တွေရဲ့အညစ်အကြေးတွေကို ရှင်းလင်းနေရတာတွေ၊ တိရစ္ဆာန်တွေရဲ့ အပြုအမူတွေကို နားလည်အောင် ကြိုးစားနေတာတွေကို မြင်ရမှာ ဖြစ်ပြီး ၃ ယောက်သား အလွဲပေါင်းစုံ လုပ်ကြမှာကို ပရိသတ်တွေ ပါးစပ်မစေ့ပဲ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

.

Source – Soompi

.

No comments:

Post a Comment

Pages