ကျောင်းဆရာထက် ၁၀ ဆ လောက်ကြမ်းမယ့် ဆိုဂျီဆပ်ရဲ့ ဒရာမာအသစ် လာပြီ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 13, 2026

ကျောင်းဆရာထက် ၁၀ ဆ လောက်ကြမ်းမယ့် ဆိုဂျီဆပ်ရဲ့ ဒရာမာအသစ် လာပြီ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်

.

Teach You a Lesson ထဲက ကျောင်းဆရာကြမ်းတယ်ဆိုတာကို သနားတယ်လို့ပြောရမယ့် ဆိုဂျီဆပ်ရဲ့ ဒရာမာအသစ် ဇွန်လ ၂၆ ရက်နေ့မှာ ထွက်လာပါတော့မယ်။

.

.

ပြီးခဲ့တဲ့ Mercy of None ဇာတ်ကားထဲမှာ ရေရေလည်လည် ကြမ်းခဲ့တဲ့ ဆိုဂျီဆပ် ကြီးက ဒီကားထဲမှာလည်း ဖိုက်တာလို ပြန်ကြမ်းဦးမှာပါ။

.

ဒီကားက PTJ လို့ခေါ်တဲ့ ကာတွန်းဆရာရဲ့ မန်ဟွာဇာတ်လမ်းဖြစ်တဲ့ မန်ဂျာကင်မ် ကို ပြန်ရိုက်ထားတာ ဖြစ်ပြီး Agent Kim Reactivated ဆိုတဲ့နာမည်နဲ့ ထွက်လာမှာပါ။

.

ဇာတ်လမ်းကတော့ သာမန်ဘဏ်လေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ မန်နေဂျာကင်မ် က သူ့ရဲ့သမီးလေးကို တစ်ကိုယ်တော်ဖခင် အနေနဲ့ ပြုစုပျိုးထောင်နေတဲ့သူပါ။ ဒါပေမဲ့ သူ့ဆီမှာ သမီးအရင်းကိုတောင် ဖွင့်မပြော နိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေပြီး အဲဒါကတော့ သူဟာ အရင်တုန်းက လျှို့ဝှက်စစ်ဆင်ရေးပေါင်း များစွာမှာ ပါဝင်ခဲ့တဲ့ စပိုင်တစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။

.

သူက မြောက်ကိုရီးယားရဲ့ အလိုအရှိဆုံးလူတွေထဲက တစ်ယောက်ဖြစ်နေပြီး အတိတ်တွေကို ဖုံးကွယ်ရင်း သာမန်အရပ်သား တစ်ယောက်အဖြစ် နေထိုင်ခဲ့တာပါ။

.

ဒါပေမဲ့ တစ်နေ့မှာတော့ သူအရမ်းချစ်ရတဲ့ သမီးလေး မင်ဂျီတစ်ယောက် ပျောက်ဆုံးသွားချိန်မှာ သမီး ဖြစ်သူကို ကယ်တင်ဖို့အတွက် အစွမ်းကုန်ကြမ်းပြမယ့် ဇာတ်လမ်းမျိုးပါပဲ။

.

အက်ရှင်ကားတွေမှာတော့ ဆိုဂျီဆပ်ကို အရိပ်မြင်တာနဲ့ ပြေးရင်တောင် မလွတ်ဘူး ဆိုတဲ့ ပြောစကားရှိတာမို့ ဒီကားထဲမှာလည်း ရေလည်ကြမ်းပြဦးမယ့် ကာရိုက်တာနဲ့ တွေ့ရဦးမှာပါ။

.

ဒီဇာတ်ကားကို ဇွန်လ ၂၆ ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်ပြီး တစ်ပတ်ကို ၂ ပိုင်းနှုန်းနဲ့ SBS မှာ ပြသသွားမှာ ဖြစ်ပါတယ်။

.

Source – Soompi

.

No comments:

Post a Comment

Pages