.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်
.
အမေရိကန်နဲ့အီရန်စစ်ပွဲမှာ
အမြတ်အထွက်ဆုံးနိုင်ငံကို ပြပါဆိုရင် ပါကစ္စတန်ကို ပြရဖို့ပါပဲ။ နှစ်ဖက်စလုံးက
ကမ္ဘာနဲ့ချီပြီး မေတ္တာအပို့ခံနေရချိန်မှာ ပါကစ္စတန်ကတော့ ဒီစစ်ပွဲပြီးဖို့
ဝင်ရောက်ဖြေရှင်းသူ နေရာကနေ ရှိနေပြီး သူတို့ရဲ့လုပ်ဆောင်မှုတွေအပေါ် အားလုံးရဲ့အသိအမှတ်ပြုခြင်းကို
ခံနေရတယ်။
.
.တကယ်လည်း ပါကစ္စတန်က အမေရိကန်-အီရန် အရေးကို
တက်တက်ကြွကြွ ဝင်ညှိနေတာဖြစ်ပြီး ပါကစ္စတန် ဝန်ကြီးချုပ်ကိုယ်တိုင်ကပါ
ပို့စ်တွေတင်၊ ဖုန်းတွေဆက် လုပ်နေတဲ့အထိ အားထည့်ထားကြ တာပါ။
.
ဒီလို ဝင်ပါနေတယ်ဆိုပေမဲ့ ပါကစ္စတန် အနေနဲ့လည်း
သူ့နိုင်ငံတွင်းမှာ သာယာနေတာတော့ မဟုတ်ပါဘူး။ စိန်ခေါ်မှုတွေ အပြည့်နဲ့
လှုပ်ရှားနေရတာပါ။ ပါကစ္စတန်အနောက်ပိုင်း ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ၊
ခွဲထွက်ရေးအဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ရှိနေသေးပြီး TTP ၊ ဘာလို့ခ် တို့လို လက်နက်ကိုင် အဖွဲ့တွေက စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့
အစိုးရအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေကြတာပါ။
.
၂၀၂၂-၂၀၂၄ ကာလအတွင်း ပါကစ္စတန်က
ကြီးမားတဲ့ငွေကြေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံတွင်း ငွေကြေးတန်ဖိုး
ကျဆင်းခဲ့သလို ငွေကြေးဖောင်းပွမှု အဆမတန်ဖြစ်ခဲ့တာပါ။ နိုင်ငံခြားအကြွေးတွေကလည်း
ပြသနာတစ်ခုအဖြစ် ရှိနေခဲ့ပြီး နိုင်ငံတကာငွေကြေးအဖွဲ့ဆီကနေ ငွေကြေးအကူအညီတွေ
ရယူခဲ့ရတာပါ။
.
ဒါ့အပြင် ဝန်ကြီးချုပ်ဟောင်း အမ်ရမ်ခန်းနဲ့
သူ့ရဲ့ပါတီကို ထောက်ခံသူတွေရှိနေဆဲဖြစ်ပြီး လက်ရှိအစိုးရနဲ့
နိုင်ငံရေးတင်းမာမှုတွေကလည်း ရှိနေဆဲပါ။
.
ဒါပေမဲ့ တစ်ဖက်မှာတော့ ပါကစ္စတန်ရဲ့
အစိုးရယန္တရားက အလုပ်လုပ်နေဆဲဖြစ်ပြီး စစ်တပ်က နိုင်ငံကို ထိန်းထားတာပါ။
နိုင်ငံခြားရေးလှုပ်ရှားမှုတွေဆက်လုပ်နေနိုင်သလို၊ တရုတ် ၊အမေရိကန်နဲ့ အရှေ့ အလယ်ပိုင်း
နိုင်ငံတွေအကြားမှာ သံတမန်ဆက်ဆံရေးတွေ ဆက်လက်လှုပ်ရှား နေနိုင်တာပါ။ ဒါ့ကြောင့်ပဲ
ပါကစ္စတန်ဟာ နိုင်ငံတွင်း စိန်ခေါ်မှုတွေကြားကနေ အမေရိကန်-အီရန် ပြသနာကို
ဝင်ပါနေရတယ်လို့ ပြောရတာပါပဲ။
.
အမေရိကန်နဲ့အီရန်ပြသနာမှာ ပါကစ္စတန်က
ကြားဝင်ညှိနှိုင်းသူ လုပ်ပေးတာကြောင့် ဘယ်သူ့ဆီကမှတော့ ပိုက်ဆံမရပါဘူး။ ဒါပေမဲ့
သူတို့ရသွားတဲ့ အကြီးမားဆုံး အကျိုးကျေးဇူးက နိုင်ငံတကာစာမျက်နှာမှာ အရေးပါ လာတဲ့
အနေအထားကို ရောက်လာတာပါပဲ။
.
အမေရိကန်နဲ့ ဆက်ဆံရေးတိုးတက်လာတယ်။ အီရန်နဲ့လည်း
ဆက်ဆံရေးကောင်းကို ထိန်းထားနိုင်တယ်။ ဒေသတွင်းမှာ
ညှိနှိုင်းဆောင်ရွက်မှုကောင်းတဲ့သူ ဆိုတဲ့ ဂုဏ်ပုဒ်ကိုရမယ်။
.
လာမယ့်အနာကတ်မှာ စီးပွားရေးအကူအညီတွေ၊
ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်ရေးအခွင့်အလမ်းတွေကို အမေရိကန်ရော၊ အီရန်ဆီကနေပါ
ပါကစ္စတန်က ရလာနိုင်တာပါ။
.
ပါကစ္စတန်က အမေရိကန်ရဲ့ မဟာမိတ်ဟောင်းဖြစ်သလို
အီရန်နဲ့လည်း နယ်နမိတ်ချင်း ဆက်စပ်နေတာ ကြောင့် နှစ်နိုင်ငံလုံးက သူ့ကို
ကြားခံအဖြစ်ထားဖို့ သဘောတူကြတာလည်း ဖြစ်ပါတယ်။
.
ခြုံပြီးပြောရရင်တော့ အမေရိကန်နဲ့အီရန်ရဲ့
ငြိမ်းချမ်းရေးသဘောတူညီမှုသာ အောင်မြင်သွားခဲ့မယ်ဆိုရင် ပါကစ္စတန်က အမေရိကန်ဆီကနေ
စစ်ရေးပူးပေါင်းဆောင်ရွက်မှု ရပြီး နိုင်ငံတွင်းအခြေအနေကို ထိန်းချုပ် နိုင်မယ်။
ဒါ့အပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ရင်းနှီးမြုပ်နှံမှုတွေလည်း
ရလာမှာဖြစ်ပြီး နိုင်ငံ စီးပွားရေးလည်း ပိုပြီး အဆင်ပြေလာနိုင်တယ်။
.
တစ်ဖက်မှာလည်း
အီရန်နဲ့နယ်စပ်လုံခြုံရေးကိစ္စတွေမှာ အဆင်ပြေသွားမယ်။ ဓာတ်ငွေ့စီမံကိန်းတွေမှာ
အကူအညီတွေရလာမယ်။ ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပွင့်လာနိုင်မယ်။ ဒါတွေက
အီရန်ဆီကနေ ရနိုင်တဲ့ အကျိုးအမြတ်တွေ ဖြစ်လာမှာပါ။
.
Source – CNN
.

No comments:
Post a Comment