.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်
.
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်
မယ်ဆိုင်နယ်စပ်အကောက်ခွန်စခန်းတွင် ယမန်နေ့ ဇွန်လ ၁၃ ရက်၊ နေ့လယ်ပိုင်းက
တာချီလိတ်ဘက်မှ တင်ပို့လာသည့် ကုန်ပစ္စည်းသေတ္တာတစ်လုံးအတွင်း ဘိန်းစိမ်း ၁၀ တုံး၊
စုစုပေါင်း အလေးချိန် ၄ ဒသမ ၉၂ ကီလိုဂရမ်ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မယ်ဆိုင်အကောက်ခွန်ဌာန၊
လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းစစ်ဆေးနေစဉ်
တာချီလိတ်မြို့ဘက်မှ ဝင်ရောက်လာသည့် ရှမ်းပြည်နယ်လိုင်စင် တပ်ဆင်ထားသော
ကုန်တင်ယာဉ် တစ်စီးပေါ်ရှိ သံသယဖြစ်ဖွယ် ကုန်ပစ္စည်းသေတ္တာအား စစ်ဆေးရာမှ
ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
.
သေတ္တာအတွင်း ဘိန်းစိမ်း ၁၀ တုံးကို
အစားအစာခြောက်ထုပ်များဖြင့် ဖုံးကွယ်ထည့်သွင်းထားကြောင်း စစ်ဆေးတွေ့ရှိရပြီး
ယာဉ်မောင်းမှာ အသက် ၄၄ နှစ်အရွယ် မြန်မာနိုင်ငံသား ရှမ်းတိုင်းရင်းသားတစ်ဦး ဖြစ်ကြောင်း
သိရသည်။
.
ကနဦးစစ်ဆေးချက်များအရ အဆိုပါပစ္စည်းများကို
တာချီလိတ်မြို့ရှိ လူတစ်ဦးထံမှ အပ်နှံပို့ဆောင်ပေးရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူအား
အကောက်ခွန်လုပ်ထုံးလုပ်နည်းမလိုက်နာဘဲ မူးယစ်ဆေးဝါး များကို ထိုင်းနိုင်ငံအတွင်း
တင်သွင်းမှုတို့ဖြင့် အရေးယူဆောင်ရွက်ရန် မယ်ဆိုင်ရဲစခန်းသို့ လွှဲပြောင်းထား ကြောင်း
သိရသည်။
.

No comments:
Post a Comment