တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ကို ရောင်းဝယ်သူ ၂ ဦးနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 11, 2026

တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ကို ရောင်းဝယ်သူ ၂ ဦးနှင့်အတူ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ အား ရောင်းဝယ်သူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက် ၉ နာရီခွဲ ခန့်က တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ ဒေါနလမ်းပေါ်တွင် ပိတ်ဆို့ရှာဖွေစစ်ဆေး မှုများ ဆောင်ရွက်နေစဉ် ယင်းလမ်းမ ပေါ်တွင် တွေ့ရှိရသူ ကျော်မိုး (ခ) ဦးမောင်ထံမှ စိတ်ကြွမူးယစ်ဆေးဝါး ဟု ယူဆရသော WY စာတမ်းပါ  လိမ္မော်ရောင်ဆေးပြား ၂၀၀ ပြား၊ အလေးချိန် ၁၈ ဂရမ်ခန့်အား  ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ မူးယစ်ဆေးဝါးများအား တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် နေ ခွန်မင်းအောင် (ခ) စိုးဝင်း (ခ) မောင်ပေ ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ကျော်မိုး (ခ) ဦးမောင်၏ လက်ကိုင်ဖုန်းဖြင့် ခွန်မင်းအောင်အား မူးယစ်ဆေးဝါး ဝယ်ယူမည်ဟု ဆက်သွယ်ပြီး ကံကြီးဘုန်းကြီးကျောင်း မုခ်ဦးအနီးတွင် ချိန်းဆိုကာ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ခွန်မင်းအောင် (ခ) စိုးဝင်း (ခ) မောင်ပေ အား စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးအင်္ကျီ၏ အတွင်းမှ စိတ်ကြွမူးယစ်ဆေးဝါးဟု ယူဆရသော WY စာတမ်းပါ  လိမ္မော်ရောင်ဆေးပြား ၁၀၀ ပြား၊ အလေးချိန် ၉ ဂရမ်ခန့်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

“ဒ/န က ဖမ်းတာပါ။ အမှတ် (၁) မှာ အမှုဖွင့်ထားပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျော်မိုး (ခ) ဦးမောင်နှင့် ခွန်မင်းအောင် (ခ) စိုးဝင်း (ခ) မောင်ပေ တို့ နှစ်ဦးအား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages