.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်
.
ဒေသတွင်းရှိ အမျိုးသမီးလုပ်ငန်းရှင်များ၏
စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို
အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ အမျိုးသမီး ဦးဆောင်သော အသေးစား အငယ်စားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းများဖိုရမ် ၂၀၂၆ ကို ယမန်နေ့ ဇွန်လ ၉ ရက်က တောင်ကြီးမြို့၊
Jasmine Hotel, Taunggyi တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.ရှမ်းပြည်နယ်၊ တောင်ကြီး ဒေသအတွင်းရှိ အမျိုးသမီး
ဦးဆောင်သော အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ MSMEs များ၊ အိမ်တွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသော အမျိုးသမီး လုပ်ငန်းရှင်များနှင့်
မိခင်တာဝန်၊ မိသားစုတာဝန်များကို လုပ်ငန်းတာဝန်များနှင့် မျှတစွာ ထမ်းဆောင်နေ ကြသော
Women Entrepreneurs များအတွက် လုပ်ငန်းဆောင်တာများကို
ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင် စေရန်နှင့် ရေရည်တည်တံခိုင်မြဲ လာနိုင်စေရန် ရည်ရွယ်၍
ဖိုရမ်ကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
ဖိုရမ်တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင်
အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါက်တာစုလှဟန် က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီး
အမျိုးသမီးများကွန်ရက် (ရှမ်းပြည်နယ် တောင်ကြီး) ဥက္ကဋ္ဌ ဒေါ်ရတနာဇော်က ဖိုရမ် ၏ ရည်ရွယ်ချက်နှင့်
အစီအစဉ်အသေးစိတ်ကို မိတ်ဆက်ပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် နေ့လယ်ပိုင်းတွင် ကျွမ်းကျင်ပညာရှင်များက
AI နှင့် စီးပွားရေး အသွင်ကူးပြောင်းမှု၊ အမျိုးသမီး ဦးဆောင်
MSMEs များ ၏ လက်တွေ့ ခရီးစဉ် စသည့် ခေါင်းစဉ်များဖြင့် အသီးသီး
ဆွေးနွေးဟောပြောခဲ့ကြ ကြောင်း သိရသည်။
.
အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏
ဇနီး ဒေါ်ခိုင်ဇာလင်းနောင်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏
ဇနီး ဒေါ်သီတာဦး၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူ
များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်များ တက်ရောက်ခဲ့
ကြောင်း သိရသည်။
.

No comments:
Post a Comment