.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယမြို့တွင် ယနေ့ ဇွန်လ ၁၀ ရက်၊ နေ့လယ်ပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.ပင်းတယမြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်
ယနေ့ ဇွန်လ ၁၀ ရက်၊ နေ့လယ် ၁၁ နာရီခွဲ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
မီးလောင်မှု ဖြစ်ပွားရာသို့ ပင်းတယမြို့နယ်မီးသတ်စခန်းမှ
မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊
အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ
၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့်
ပျက်စီဆုံးရှုံးမှု အခြေအနေများကို မသိရှိရသေးချေ။
.

No comments:
Post a Comment