လိုင်စင်အတုနဲ့ ၁၇ နှစ်ကြာပျံသန်းခဲ့တဲ့ ကနေဒါလေကြောင်းလိုင်းက လေယာဉ်မှူး တရားစွဲခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 10, 2026

လိုင်စင်အတုနဲ့ ၁၇ နှစ်ကြာပျံသန်းခဲ့တဲ့ ကနေဒါလေကြောင်းလိုင်းက လေယာဉ်မှူး တရားစွဲခံရ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်

.

လေယာဉ်မှူးလိုင်စင်အတုနဲ့ ၁၇ နှစ်ကြာအောင် လေယာဉ်မောင်းနေတယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိတယ်လို့ ထင်စရာပါ။ ဒါ့အပြင် သူမောင်းခဲ့တဲ့ လေကြောင်းလိုင်းကလည်း နိုင်ငံတွင်းမှာ နာမည်ကြီးတဲ့ လေကြောင်းလိုင်း ဆိုတော့ ယုံရပိုခက်တာပေါ့။

.

.

ဒါပေမဲ့လည်း ဒီအဖြစ်အပျက်က တကယ်ဖြစ်နေတာပါ။ ကနေဒါအာဏာပိုင်တွေက ဂျော့ဖ်ဝဲလ် လို့ခေါ်တဲ့ အသက် ၅၉ နှစ်အရွယ် လေယာဉ်မှူးမှာ တရားဝင်လိုင်စင်မရှိတဲ့အကြောင်း သူအလုပ်ဝင်ပြီး ၁၇ နှစ်အကြာမှ သိခဲ့လို့ ၂၀၂၅ ခုနှစ် မတ်လမှာ ဖမ်းဆီးအရေးယူခဲ့တာပါ။ အဲဒီနောက်တော့ တရားရုံးမှာ စစ်ဆေးဖို့အတွက် ၂၀၂၅ ဇွန်လမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

.

ဝဲလ်က လက်ရှိအချိန်မှာ ဒေါ်လာ ၅၀၀၀ ကျော် လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှု၊ အများပြည်သူ ကို အထင်အမြင်မှားစေမှု အပါအဝင် စွဲချက် ၇ ခုနဲ့ ရင်ဆိုင်နေရတာပါ။ ဒီစွဲချက်တွေကို တိုရွန်တိုလေဆိပ်ကို တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့က တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

.

ဝဲလ်က သူ့အခြေအနေကို သူသိခဲ့ပြီး ပြီးခဲ့တဲ့နှစ်၊ စုံစမ်းစစ်ဆေးမှု မစတင်ခင်မှာ သူ့ရဲ့လေယာဉ်မောင်း အလုပ်ကနေ နားလိုက်တာပါ။ ဝဲလ်ဆီမှာ တရားဝင် လေယာဉ်မောင်းလိုင်စင်တချို့ ရှိပေမဲ့လည်း ကပ္ပတိန် အဖြစ်ပျံသန်းဖို့ မဖြစ်မနေလိုအပ်တဲ့ လိုင်စင်ကတော့ ရှိမနေခဲ့ပါဘူး။

.

ဒါပေမယ့် ဝဲလ်က ၂၀၀၉ ကနေ ၂၀၂၅ ခုနှစ်အတွင်း Air Canada လေကြောင်းခရီးစဉ် ၉၀၀ ကျော်ကို ကပ္ပတိန်အဖြစ် တာဝန်ယူမောင်းနှင်ခဲ့တာဖြစ်ပါတယ်။

.

တိုရွန်တိုရဲ့ ဒုတိယရဲချုပ် မီလီနိုဗစ်က “ဒါဟာ မိသားစုဆရာဝန်လိုင်စင်ရှိတဲ့ ဆရာဝန်တစ်ယောက်က သူ့ဆေးခန်းထဲမှာ ဦးနှောက်ခွဲစိတ်မှု လုပ်နေသလိုမျိုးပါပဲ” လို့ တင်စားပြောပါတယ်။

.

ဝဲလ်ဟာ တစ်လျှောက်လုံး ကံကောင်းနေခဲ့ပေမဲ့ ၂၀၂၅ မတ်လမှာတော့ တိုရွန်တိုလေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ ပုံမှန်စစ်ဆေးမှုအတွင်း တင်ပြခဲ့တဲ့ လိုင်စင်နဲ့ စာရွက်စာတမ်းတွေကို တာဝန်ရှိသူတွေ သံသယရှိခဲ့ကြတာပါ။ အဲဒီနောက်မှာ ဝဲလ်ရဲ့အမှုကိုစစ်ဆေးဖို့အတွက် Project Icalus လို့ခေါ်တဲ့ စစ်ဆင်ရေးတစ်ရပ်ကို ဆောင်ရွက် ခဲ့ရပြီး ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖြစ် တိုးမြင့်ခဲ့တာပါ။

.

ကနေဒါ သယ်ယူပို့ဆောင်ရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရတော့ ကပ္ပတိန်လိုင်စင် ရရှိဖို့ဆိုရင်စာမေးပွဲ ၃ ခု အောင်မြင်ရမှာဖြစ်ပြီး ပျံသန်းချိန် နာရီ ၁၅၀၀ ပြည့်မီဖို့ လိုနေတာပါ။

.

Air canada လေကြောင်းလိုင်းကတော့ ဝဲလ်ကြောင့် ခရီးသည်တွေရဲ့လုံခြုံရေး ထိခိုက်ခဲ့တာမျိုး မရှိတဲ့ အကြောင်း ပြောဆိုထားပါတယ်။

.

ဝဲလ်ဟာ ၆ လတစ်ကြိမ်ပြုလုပ်တဲ့ လေယာဉ်မှူးတွေအတွက် စစ်ဆေးမှုတွေကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီး လေယာဉ်ကြီးတွေကို လုံခြုံစွာ မောင်းနှင်နိုင်တဲ့ အရည်အချင်းတွေကို ပြသနိုင်ခဲ့တယ်လို့ လေကြောင်းလိုင်း က ဆိုပါတယ်။

.

Source – CNN

.

No comments:

Post a Comment

Pages