ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၌ အမျိုးသား တစ်ဦးကို ယမန်နေ့ မေလ ၅ ရက်၊ ညနေပိုင်းက ဆေးခြောက်၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမူးယစ်တပ်ဖွဲ့မှ
ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကလောမြို့၊ စခန်းသာရပ်ကွက်(၂) နေ ညွန့်စိုး
(ခ) စိုးညွန့် ၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ အရွက်/အဖူး/အစေ့ရောရာ ဆေးခြောက် တစ်ကီလိုဂရမ်ခွဲ၊
ဘိန်းစိမ်း ၃၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ ပြား၊ နေအိမ်ခြံဝန်းအတွင်း စိုက်ပျိုးထားသည့်
ဆေးခြောက်ပင် ၂ ပင်တို့နှင့်အတူ ညွန့်စိုးကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
ဆေးခြောက်၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းမိခဲ့သည့် ညွန့်စိုး (ခ) စိုးညွန့်အား မူးယစ်ဆေးဝါးများနှင့်
စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် ကလောမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း
သိရသည်။
#KBZTai #Shan #KaLaw #Drug

No comments:
Post a Comment